Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday 12 May 2013
လက်ပံတောင်းတောင် အစီရင်ခံစာကို ဦးပိုင်နှင့် ၀မ်ပေါင် ချိုးဖောက်နေဟုဆို
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့က ချိုးဖောက်လျက်ရှိကြောင်း လက်ပံတောင်း ဒေသခံများက ပြောဆိုသည်။
စုံစမ်းရေး ကော်မရှင်မှ ညွှန်ကြားထားသော စီမံကိန်း လုပ်ပိုင်ခွင့်အတွက် စာချုပ်အသစ် ထပ်မံချုပ်ဆိုခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိန်းသိမ်းရေးအတွက် EIA, SIA စစ်တမ်းများ ပြုလုပ်လေ့လာခြင်း၊ မြေယာလျော်ကြေးများအတွက် ဒေသခံများနှင့် ဆွေးနွေးခြင်းများ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော မကျေနပ်ချက်များကို တုံရွာသစ်၊ အလည်တော၊ ဆည်တည်း၊ တုံ၊ မိုးကြိုးပြင်နှင့် ဇီးတောရွာ ၆ ရွာ ကိုယ်စား ဆရာတော် သံဃာတော်များနှင့် ဒေသခံများက စုပေါင်း၍ သတင်းစာရှင်းလင်းပွဲ တခု ရန်ကုန်မြို့တွင် မေလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။
မြေယာများကို ရာသက်ပန် စွန့်လွတ်ပါသည်ဟု ဆိုသော စာရွက်များတွင် ဦးပိုင်နှင့် ၀မ်ပါင်ကုမ္ပဏီက လက်မှတ်ထိုးခိုင်းပြီး လျော်ကြေး ထုတ်ပေးနေကြောင်း၊ တောင်သူအချို့မှာ လျော်ကြေးလိုချင်သော်လည်း မြေယာ ရာသက်ပန် စွန့်လွှတ်ရမည် ဆိုသောကြောင့် လက်မှတ်မထိုးဘဲ ပြန်လာသူများရှိကြောင်း၊ လက်မှတ်ထိုး လျော်ကြေးယူခဲ့သူများမှာ နောင်တရနေကြောင်း ဒေသခံများက ပြောသည်။
“ကော်မရှင် အစီရင်ခံစာအတိုင်း မလုပ်ဘဲ သူတို့ မလုပ်ချင်တာကို ချန်ထားတယ်။ သူတို့ ဆန္ဒရှိတာကို အရင်လုပ်နေတယ်” ဟု လက်ပံတောင်းတောင် ဒေသခံ ရှင်မတောင် ဆရာတော် ဦးက၀ိန္ဒောဘာသက မိန့်သည်။
ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီအနေဖြင့် ကော်မရှင်၏ လမ်းညွှန်ချက်အတိုင်း အပြည့်အ၀ လုပ်ဆောင်ပါက လက်ခံနိုင်ကြောင်း၊ ဆိုလိုသည်မှာ စီမံကိန်းတွင် အသုံးမပြုသော မြေများပြန်ပေးခြင်း၊ စာပြန်ချုပ်ပြန်ချုပ်၍ လုပ်ငန်းအတိုးအလျှော့၊ မြေယာ အတိုးအလျှော့များ ပြုလုပ်ခြင်းများ မလုပ်ဆောင်ဘဲ ကော်မရှင် အစီရင်ခံစာအရ စီမံကိန်း ဆက်လက်လုပ်ဆောင်ခွင့် ရှိသည်ဟုဆိုကာ မိမိထင်ရာ လုပ်ဆောင်နေခြင်းသည် ဥပဒေမဲ့ လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် နိုင်ငံတော် အစိုးရကို မလေးစားရာ ရောက်ကြောင်း၊ နိုင်ငံတော်ကလည်း လျစ်လျူရှုထားကြောင်း ဒေသခံများက ပြောဆိုသည်။
“မလိုတာတွေ ပြန်ပေးဖို့က ဒေသခံတွေနဲ့ တိုင်ပင်ပြီး လုပ်ရမယ့်ဟာတွေပါ။ မြေဆီလွှာ ထိန်းသိမ်းမှု၊ သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်အရေးတွေကိုတော့ ဦးပိုင်-၀မ်ပေါင်က ဘာမှ လုပ်မပေးဘူး” ဟု ဒေသခံတဦးက ဆိုသည်။
“စေတီနဲ့ သာသနိက အဆောက်အဦးတွေကလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က တောင်ကြားကျောင်းနေရာနဲ့ သာသနိက အဆောက်အဦများကို စီမံကိန်းနဲ့ မလွတ်လို့ရှိရင် မူလပကတိမပျက် လိုအပ်ရာကို ရွှေ့ပြောင်းပြီးတော့ ဆောင်ရွက်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။ မူလပကတိမပျက်ဆိုတာ တကယ်တော့ ဖျက်ပြီးတော့ ရွှေ့ခိုင်းတာ မဟုတ်ပါဘူး” ဟု ရှင်မတောင် ဆရာတော် ဦးက၀ိန္ဒောဘာသက မိန့်သည်။
ပိုလျှံမြေများ ပြန်ပေးမည်ဆိုကာ ဧက ၉၀၀ ကျော်ရှိသော နေရာတခုကို ဦးပိုင်နှင့် ၀မ်ပေါင် ကုမ္ပဏီက စီစဉ်နေရာ ယင်းနေရာမှာ စိုက်ပျိုးစားသောက်ရန် မဖြစ်နိုင်သော နေရာတခုဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
“အခုရွာတွေထဲမှာ လိုက်ပြီးတော့ လက်မှတ်ထိုးခိုင်းနေတာက ဘာတွေလဲဆိုရင် လှည်းလမ်းနဲ့ ဆည်မြောင်းကြီးကြားက လှည်းသာသာ မောင်းလို့ရတဲ့ နေရာလေးပါ။ ကျမတို့ကို လက်မှတ်ထိုးပြီး ယူရမယ်လို့ ပြောပါတယ်။ ကျမတို့ မယူပါဘူး။ တချို့နေရာလေးတွေက ဧက၀က်၊ တဧကလောက်ရှိတဲ့ နေရာလေးတွေကို ပြန်ပေးတာဟာ ကျမတို့ လူနေမှုဘ၀တွေ လုံခြုံဖို့အတွက် ဖြည့်ဆည်းမပေးနိုင်ပါဘူး။ အဲဒီနေရာလေးတွေက လှည်းပဲ မောင်းလို့ရတဲ့ နေရာလေးတွေပါ” ဟု တုံရွာမှ မစန္ဒာက ပြောသည်။
“အခု ဦးပိုင်-၀မ်ပေါင်က ဒီအစီရင်ခံစာကို သမ္မတရဲ့ ဆုံးဖြတ်ချက်ပုံစံ ကျင့်သုံးနေပါတယ်။ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လုပ်သင့် မလုပ်သင့် အဖြေထုတ်ပြန် မထားသေးပါဘူး။ ကော်မရှင် အစီရင်ခံစာအရ စာချုပ်အသစ်ချုပ်ဖို့၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးအတွက် EIA, SIA မှတ်တမ်းတွေကို ပြည်သူလူထုကို အသိပေးဖို့ ဒါတွေ မလုပ်ပါဘူး” ဟု မစန္ဒာက ဆိုသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာမှာ ကြေးနီစီမံကိန်း ဆက်လုပ်ရန်သာ ဦးစားပေး ဖော်ပြထားပြီး ဒေသခံပြည်သူများ၏ နစ်နာချက်၊ ခံစားချက်များ မပါဝင်ကြောင်း၊ ဒေသခံတောင်သူများ မကျေနပ်ခြင်းမှာ မြေယာလျော်ကြေး နည်းသောကြောင့် မဟုတ်ကြောင်း၊ နောက်ကွယ်က သွေးထိုးလှုံဆော်ပေးသည် ဆိုသော စကားရပ်သည် ဒေသခံ ပြည်သူလူထုနှင့် တောင်သူလယ်သမားများကို သေးသိမ်သွားအောင် နှိမ့်ချခြင်းပင် ဖြစ်ကြောင်း၊ ၄င်းတို့အနေဖြင့် ဦးပိုင်နှင့်ဝမ်ပေါင် ဆီမှ မြေယာလျော်ကြေးကို ဘယ်သောအခါမှ မယူခဲ့ကြောင်း၊ သီးနှံလျော်ကြေး ၃ နှစ်စာကိုသာ ရယူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ရှင်းပြသည်။
“မိုးကြိုး ဆာလ်ဖျူရစ် စက်ရုံကို ၀န်ကြီးဌာန ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတာကို အရေးယူဖို့ မလုပ်ဘဲနဲ့ ၀န်ကြီးဋ္ဌာန ခွင့်ပြုချက်တောင်းဖို့ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်” ဟု ဒေသခံတဦးက ပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ထားသော လယ်မြေတွင် ဒေသခံလယ်သမားများ ၀င်ရောက် ထွန်ယက်ခဲ့သောကြောင့် ဧပြီလ ၂၅ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့် တောင်သူများ ပဋိပက္ခဖြစ်ရာ တုံရွာသစ်မှ ရွာသား ကိုတင်ဇော် သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆည်တည်းရွာမှ မရီဝင်းက ပြောသည်။
မိုးကြိုးပြင်ရွာမှ ဦးဝင်းကျော်က “ငါက ပြောင်းကြဲပြီးပြီ။ မင်းတို့ ၀င်ဖျက်ရင် ငါ့ သားသမီးလေးတွေလည်း ကျောင်းထားပေးနိုင်မှာ မဟုတ်ဘူး။ ငါဆက်လုပ်လို့ရမှာလို့။ အဲဒီလိုပြောပြီး ဆက်လုပ်နေတဲ့ အချိန်မှာပဲ ကျနော့်ကို ကူညီလုပ်နေတဲ့ ကိုသောင်းထိုက်ကို ရဲအင်အား ၄၀ လောက်က ၀င်ရိုက်ပြီး ဆွဲတော့တာပဲ။ ပုဒ်မ ၁၄၄ ထုတ်ထားလို့ နောက်နေ့လည်း လာမထွန်နဲ့လို့ ပြောလိုက်တယ်” ဟု ဆိုသည်။
ဒေသခံများကို ကူညီပေးနေသော ကျောင်းသား ကွန်ရက်အဖွဲ့ဝင်များကိုလည်း ဖမ်းဝရမ်းများ ထုတ်ပြန်ဖမ်းဆီးခဲ့ကြောင်း၊ လက်ခံကူညီပေးသူကိုလည်း ဖမ်းဆီးထောင်ချမည်ဟု ထုတ်ပြန်လိုက်ကြောင်း ဒေသခံများက ပြောသည်။
“ဒေသခံ ပြည်သူလူထုကို အကူအညီပေးနေတဲ့ ကျောင်းသားတွေ၊ ကွန်ရက် ၀င် ၈ ဦးကို ဖမ်းဝရမ်း ထုတ်ပါတယ်။ ဖမ်းထားတဲ့ ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုဆန်းတို့ကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ လယ်ယာမြေတွေပေါ်မှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ရုတ်သိမ်းပေးပါ။ လျော်ကြေး မလိုချင်သလို ရောင်းဖို့လည်း မဟုတ်ဘဲ မိမိတို့ သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်ဖို့ ဖြစ်ပါတယ်” ဟု ဒေသခံ မစန္ဒာက ဆိုသည်။
“ကျနော်တို့ကို ဘာမှမပြောဘဲနဲ့ ငွေလျော်ကြေးပဲ လှိမ့်ပေးနေတယ်။ အခုသူတို့ပေးတဲ့ ငွေလျော်ကြေးက အစီရင်ခံစာမှာ ပါသလို ဒေသပေါက်ဈေးကို ညှိနှိုင်းပေးရမှာကို ဘာမှ မညှိနှိုင်းဘဲနဲ့ သူတို့ပေးချင်တဲ့နှုန်း ပေးတယ်။ ကျနော်တို့ ရွာသား သုံးပုံနှစ်ပုံလောက်က မယူပါဘူး” ဟု မိုးကြိုးပြင်ရွာမှ ဦးဝင်းကျော်က ဆိုသည်။
ဒေသခံ ဆရာတော်များကိုလည်း လက်ပံတောင်းတောင် ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် မေတ္တာရပ်ခံ အကြောင်းကြားစာများ ပေးပို့ထားကြောင်း ဒေသခံဆရာတော်များက ပြောသည်။
ကော်မရှင်၏ အစီရင်ခံတွင် ပါဝင်သော လမ်းညွှန်ချက်များ အတိုင်းသာ ဦးပိုင်နှင့် ဝမ်ပေါင် ကုမ္ပဏီအနေဖြင့် တိတိကျကျ လိုက်နာ ဆောင်ရွက်စေလိုကြောင်း၊ ဒေသခံများနှင့် ၀မ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်နှင့် နိုင်ငံတော်အစိုးရတို့ကြား ပြေလည်စေရန် ယခု သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
May
(781)
- မကျေနပ်တဲ့ သံယောဇဉ်'
- ဟာသပုံလေးတွေ'
- ဟာသလေးများ...'
- Android Applications 20 in 1
- နောက်ကျချစ်ခွင့်” '
- အီရတ်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွ...
- အိုဘားမားနှင့်တွေ့ဆုံမှုမှ ရလဒ်ကောင်းများရရှိရန် တရ...
- တောင်ကိုးရီးယားနိုင်ငံရှိ အရာရှိများမှ မိမိတို့၏ ပ...
- ဂျပန် ANA လေကြောင်းလိုင်းမှ ဘိုးရင်း 787 လေယာဉ်မျာ...
- အသင်းပရိသတ်များကို မျက်ရည်ဖြင့် နှုတ်ဆက်ခဲ့သည့် နေမာ
- ဘိုင်ယန်မြူးနစ်အသင်းကို ရွေးချယ်ခဲ့သည့် လီဝမ်ဒေါ့စကီး
- အဖွင့်ပွဲစဉ်ကို အနိုင်ဖြင့် စတင်နိုင်ခဲ့တဲ့ နာဒယ်
- လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရသည့် ...
- မက္ကဆီကိုနိုင်ငံတွင် မြေပြိုမှုဖြစ်ပွားခဲ့
- ဗီဇာကတ် သုံးစွဲနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ...
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်တုံးပေါင...
- လာမည့် ဇွန်လကုန်တွင် အမှိုက်သိမ်းယာဉ် ၄၂ စီး ထပ်မံေ...
- ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို မွေးမြူရေး လုပ...
- ဓာတ်ငွေ့တာဘိုင် လျှပ်စစ်ဓာတ်အားပေး စက်များ ပြုပြင်...
- ပြည်တွင်းရှိ လေယာဉ်များအား Safety ပိုင်းနှင့် လြုံ...
- ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အာဇာနည် ဗိမာန်ကို ပုံမှန်ဖ...
- မိုးတွင်းကာလတွင် မော်တော်ယာဉ်များ သတိပြု မောင်းနှင...
- ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်မှု ၅ နှစ်ပြည့...
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်...
- မကွေးတိုင်းအတွင်း လယ်သိမ်းခံရသူများကို လျော်ကြေးပေ...
- ကလေးဦးရေ ကန့်သတ်မှု ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်းချက်
- သုံးခွမြို့နယ်တွင်လူသတ်မှုဖြစ်ပွါး
- လားရှိုး ယနေ့ အခြေအနေ
- လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
- လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွ...
- လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ်
- ဆန္ဒပြအလုပ်သမားများကို ထိုက်သင့်သောလစာပေးရန် ဦးမြင့...
- ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေး...
- ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
- တရုတ်ဆန်များတွင် ကက်ဒ်မီယံဓာတုပါဝင်မှု မြင့်မားနြေေ...
- မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်ပြီး ကရင...
- ဇွန်လ (၁) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ် V...
- မေလ(၂၈)ရက်နေ့ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ အတွဲ (၁...
- မေလ(၂၈)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်သတင်းစာ အတွဲ ...
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် ကြေးမုံ နေ့ စဉ်
- မေလ(၂၉)ရက်နေ့ထုတ် ဗုဒ္ဓဟူးနေ့ ထုတ် မြ၀တီ နေ့ စဉ် သတ...
- ငါးမန်းကိုက်ကြသူများ
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့...
- လားရှိုးမြို့ခံအမျိုးသမီး မီးရှို့ခံရမှုအကြောင်းပြ...
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မနေ့ ညပိုင်းက အဓိကရုန်း ဖြစ်ပွားခဲ့တဲ့ လားရှိုးမြို...
- လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ...
- မေလ(၃၁)ရက်နေ့ ထုတ် The Hot News Weekly Journal Vol...
- မေလ(၂၇)ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ် သတင်းစာ အတွဲ...
- မေလထုတ် Star Focus Magazine Vol 1 Issue 5
- လားရှိုး ဆူပူမှု ဗလီနှစ်လုံး မီးလောင်
- လားရှိုးမြို့ မှာ ဇနီးသည်ကို ဓါတ်ဆီလောင်ပြီး မီးရှို...
- ထားဝယ်တက္ကသိုလ်အနီး ကျေးရွာရှိ ဆိုင်နှင့် လူများကို...
- ဆီအုန်း၊ ရာဘာနှင့် ပုဂ္ဂလိကစိုက်ခင်းများမစိုက်ဘဲြေ...
- အရည်အသွေးမမီ မြန်မာ့ဆန် ကင်မရွန်းဖျက်ဆီး ကိစ္စ စုံစ...
- » လေယာဉ်သစ်များ ဝယ်ယူပြေးဆွဲရန် သမ္မတညွှန်ကြား
- ရဲတပ်ဖွဲ့ဝင်တစ်ဦး ဆွဲကြိုးလု
- မဟာသမယသုတ် (မြန်မာပြန်)
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၂
- တန်ဖိုးသိမှ တန်ဖိုးရှိမည်....၁
- * * * * * မထင်နဲ့ * * * * *
- အနာထပိဏ် နဲ့ ၀ိသာခါ…
- ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..
- မျှော်လင့်ရင်းဝေး...
- ကံပြုတဲ့နေရာက စေတနာ
- ချစ်သူအတွက်
- ထူးဆန်းထွေလာပုံလေးများ
- ရှင်ရာဟုလာနဲ့ တံမြက်စည်း'
- မြစ်ဆုံနှင့် ယုဇန စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရန်...
- ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွ...
- » စံပြကျေးရွာပြောင်းသူများ အခက်ကြုံတွေ့
- ဘန်ကောက်မြို့ Like Jeans စက် ရုံမှမြန်မာရွှေ့ပြောင်...
- လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ...
- အမေရိကန်စစ်ဘက် F-15 တိုက်လေယာဉ် ဂျပန်ကမ်းလွန်တွင် ...
- တကိုယ်တော် ဆန္ဒပြတဲ့ သရုပ်ဆောင်ရဲတိုက်ကို ရဲများ ခေ...
- အာဇာနည်ဗိမာန် ဇွန် ၁ ရက်ကစ အများပြည်သူ ၀င်ရောက်ဂါရ...
- ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
- ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ ...
- ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင...
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- မေလ (၂၈)ရက် အင်္ဂါနေ့ ထုတ် မြ၀တီ နေ့ စဉ် သတင်းစာ
- မေလ (၂၆)ရက်နေ့ ထုတ် Reporter News Journal Issue 21
- မေလ (၂၇)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃...
- မေလ(၂၈)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ (၁၆)၊...
- ရေထိန်းတံခါးကြီး(၃)စင်းကြောင့် တောင်သူ လယ်သမားတွေ ...
- သူပုန်တွေ လက်ချက်နဲ့ ဖိလစ်ပိုင် ရဲတွေ သေဆုံး
- မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ
- မေလ(၂၃)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၇၁
- မေလ(၂၃)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၉
- မေလ(၂၂)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှ...
- မေလ (၂၀)ရက်နေ့ ထုတ် ဈေးဝယ်လမ်းညွန် အတွဲ(၃) အမှတ်...
- မေလ(၃၀)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၉)
- ဖားကန့်မြို့နယ်မှာ ရေမဆေးကျောက်သမားတွေကို ဖမ်းဆီး
- မေလ(၃၀)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ်...
- ဈေးချိုကို ဘယ်သူဖျက်တာလဲ
- မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို မြေလွှတ်မြေရိုင်း...
- မန္တလေးနန်းတွင်းကြီး ပြည်သူ့အတွက် တကယ်ဖြစ်မှာလား
-
▼
May
(781)
No comments:
Post a Comment