Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

မြန်မာ့ မီဒီယာရှုခင်း

အစိုးရအသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ၏ မီဒီယာကို ပြန်ကြားရေးဝန်ကြီး ဌာနက မည်သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက် နေသည်၊မည်သည့် တိုးတက်မှုများ ရရှိ ခံစား လာကြရသည် ဆိုသည့် အချက်တို့နှင့် ပတ် သက်၍ ဒီမိုကရေစီနိုင်ငံတော်သစ် ဆီသို့ သွားသည့် လမ်းကြောင်းဝယ် စတုတ္ထမဏ္ဍိုင် ဖြစ်သော စာပေစာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍ ကို တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ချက် နှင့် ပတ်သက်၍ မြန်မာ့ မီဒီယာရှုခင်းကို ပြန်ကြည့်လိုက်လျှင် ယခင်နှင့်မတူ တစ်မူ ထူးခြား လှပနေကြောင်း မြန်မာနိုင်ငံ၏ မီဒီယာ ရှုခင်းကိုပြန်ကြည့်လိုက်လျှင်ပန်းပေါင်းစုံဖူးပွင့်ဝေဆာ မှုများနှင့်အတူစိမ်းလန်း သာယာ လှပသစ်လွင်တောက်ပနေတာကိုမြင်တွေ့ကြရမည် ဖြစ်ပေသည်။

ပြန်ကြားရေးဝန်ကြီးဌာနက စာအုပ်၊ စာစောင် ထုတ်ဝေခြင်းနျင့်ပတ်သက်၍ ၂၀-၈-၂၀၁၂ရက်နေ့မှစ၍ ယခင်ကလို စာအုပ်၊ စာစောင်သတင်း ဂျာနယ်များထုတ်ဝေ မှုကို စာပေစိစစ်တွင် တင်ပြအစစ် ဆေးခံ ရန်မလို တော့ဘဲ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို ဖျက်သိမ်းခြင်း၊ ၂၀၁၂ခုနှစ် နိုဝင်ဘာ လမှ စတင်ပြီး စာအုပ်၊ စာစောင်ပုံနှိပ်ထုတ်ဝေ ခွင့်ကိုယခင်ကကဲ့သို့လူကိုယ်တိုင် လျှောက် လွှာတင်ကာ စိစစ်မှု အချိန်ကာလတစ်ခု စောင့်ဆိုင်းပြီးမှ မိမိစာအုပ် ကိုပုံနှိပ်ထုတ်ဝေ ရရှိသည့်စနစ်မျိုးမဟုတ်တော့ဘဲ on Line မှ လျှောက်ထားပြီး လျှင်လျှင် မြန်မြန် ခွင့်ပြု ပေး နေပြီဖြစ်ရာ အလွန်လွယ်ကူ လျှင်မြန်သည့် စနစ် နှင့် အတူ ပြည်သူအတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာ နှင့် ဖျော်ဖြေရေး စာအုပ်စာစောင်များကိုပုံနှိပ်ထုတ်ဝေနိုင်ခြင်းက မြန်မာ့ မီဒီယာရှုခင်း တွင် ပန်းမျိုးတစ်ထောင် ဖူးပွင်ဝေဆာအောင် မျိုးစေ့ မှသည် အပင်သန် အောင် မြေဆီသြဇာရော၊ ဥတုရာသီ ကိုပါ ညီညွတ်မျှတအောင် ဖန်တီး ဆောင်ရွက် ပေး လိုက်သဘ်ဟု ဆိုနိုင် ပါသည်။

မြန်မာ့မီဒီယာရှုခင်းကို ထပ်လောင်း အားဖြည့်ပုံဖော်ပြီး သာယာလှပစေရန် နောက် ထပ်ဆောင်ရွက်ချက် တစ်ခု ကတော့ ယခင်က State Media News Paper ဖြစ်သည့် နိုင်ငံပိုင် သတင်းစာ ၃မျိုးထဲ ထုတ်ဝေပြီး အစိုးရ၏ လုပ်ဆောင်ချက် နှင့် အစိုးရနှင့် နီးစပ် သည့် သတင်း အချက်အလက် ဆိုင်ရာ များ ကိုသာအများအားဖြင့်ဖော်ပြရိုက်နှိပ် ဖြန့်ချိပေး နိုင်သည့် အခြေအနေမှ ပြည်သူ ဗဟိုပြု သတင်းအချက်အလက်များ ရေးသား ဖော်ပြ နိုင်ရန် ပြန်ကြားရေး ၀န်ကြီး ဌာနက ၁-၄-၂၀၁၃ မှစ၍ လွတ်လပ်သော ပုဂ္ဂလိက နေ့စဉ်သတင်းစာတို့ကိုထုတ်ဝေခွင့်ပြု လိုက် ခြင်းပင်ဖြစ်သည်။ယခုအခါ မြန်မာဘာ သာဖြင့် ရိုက်နှိပ်ထုတ်ဝေနေသည့် လွတ်လပ် သော ပုဂ္ဂလိက နေ့စဉ်သတင်းစာ(၂၄)စောင် နှင့် အင်္ဂလိပ်ဘာသာ ပုဂ္ဂလိက နေ့စဉ်သတင်း စာ(၂)စောင်၊ပေါင်းပုဂ္ဂလိကနေ့စဉ် သတင်းစာ (၂၆)စောင် ရိုက်နှိပ်ထုတ်ဝေကာ ပြည်သူများ ၏ လိုအပ်သည့် သတင်းအချက် အလက် တို့ကို အချိန်နှင့်တစ်ပြေးညီ အသိပေး ဖော်ပြ လျက်ရှိပေသည်။

မြန်မာ့မီဒီယာရှုခင်းရဲ့ နောက်ခံ အဖြစ် ပူပြင်းခြောက်သွေ့သည့် အကျည်းတန်သော မြင်ကွင်းတို့အစား စိမ်းလန်းသည့် သစ်ပင် သစ်တောများဖြင့်ရှုချင့်စဖွယ်အားဖြည့်ဖန်တီး ပေးမှုတစ်ရပ်အနေဖြင့်လည်းယခင်ကချမှတ်ခဲ့သော တင်းကြပ် သည့် မီဒီယာ ဥပဒေ ပုဒ်မ တို့ကို ရုတ်သိမ်းစေကာ ခေတ်စနစ် နှင့် အညီ၊ နိုင်ငံတကာ မီဒီယာဥပဒေနှင့်အညီ၊ ပြည်သူ ဗဟိုပြုသော၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး သော မီဒီယာဥပဒေများ ပြဌာန်း သတ်မှတ် ပေးနိုင်ရေး အတွက် ပြန်ကြားရေး ၀န်ကြီးဌာန နှင့် စာနယ်ဇင်းကောင်စီ Press Council တို့ ညှိနှိုင်း ပေါင်းစပ်ပြုစုရေးဆွဲ နေပြီဖြစ်ကြောင်း ၊ ပုံနှိပ်သူများ ထုတ်ဝေ သူများဥပဒေ ကိုလည်း နိုင်ငံ တကာ စံနှုန်းများ နှင့်ညီညွတ်အောင်၊ ပြည်သူဗဟိုပြု လုပ်ဆောင် နိုင်အောင်၊ မြန်မာ့ ဓလေ့ထုံးစံ ၊ ဒီမိုကရေစီ စံနှုန်းထား များနှင့် အညီ စိစစ်ရေးဆွဲ ပြီး လွှတ် တော်သို့ တင်ပြ ထားကြောင်းသိရပြီးကျန်သည့် Broadcasting Law, Film Law တို့ကို လည်း ရေးဆွဲပြုစု နေကြောင်းသိရ သဖြင့် အတိုင်း ထက်အလွန် ၊ တံခွန်နဲ့ကုက္ကား ဆိုသလို မြန်မာ့ မီဒီယာ ရှုခင်းဟာ ပြည်သူများ နားခိုကြည့်ရှု ခံစားဖွယ် သာယာ လှပ စိမ်း လန်းသစ်လွင်တောက်ပလို့ လာနေပြီဟုဆိုနိုင် ပေသည်။

မြန်မာ့အသံအစီအစဉ် ရေဒီယို ထုတ် လွှင့် မှုများကို အသံအားကောင်းစွာ ထုတ် လွှင့်ပေးနိုင်ရန် စက်သစ်ကြီးများ ၀ယ်ယူ တပ်ဆင် ထုတ်လွှင့် စီစဉ်ဆောင်ရွက်ခြင်း၊ FMဖြင့်ထုတ်လွှင့်ပေးခြင်းအပြင်အင်တာ နက်မှ လည်း ထုတ်လွှင့်ပေးမည်ဖြစ်၍ ကွန်ပျူတာ နှင့် လက်ကိုင်ဖုန်းများမှ နားသောတ ဆင်နိုင်ရန် လုပ်ဆောင် နေကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်း ရင်းသား ဓလေ့ရိုးရာ ယဉ်ကျေးမှု စရိုက် လက္ခ ဏာ နှင်အသိပညာဗဟုသုတတို့ကို လေလှိုင်း မှ ထုတ်လွှင့် ပေးနိုင်မည့်Community Radio ,
FMRadio ထုတ်လွှင့် ပေးခြင်းတို့ကို တိုင်း၊ ဒေသကြီး ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ဝေလံခေါင်ဖျား ဒေသများအထိ ထုတ်လွှင့်ပေးနိုင်ရန်ပုဂ္ဂလိက များနှင့် ပေါင်းစပ် ဆောင် ရွက် ပေးနိုင်ရန် အတွက် လည်း စီမံချက်ချမှတ် ဆောင်ရွက် နေကြောင်း သိရပါ သည်။ ယခင် analogue စနစ်ဖြင့် MRTV နှင့် MI ဟူ၍ TV Channel နှစ်ခုသာ ထုတ်လွှင့် ပေးနေရာမှ လွှတ်တော် Channel ၊ တောင်သူ လယ်သမား Channel နှင့် ပြည်ထောင်စု Channel ရုပ်သံ လိုင်းတို့ကိုDigital စနစ်ဖြင့် ထုတ်လွှင့် ပေးရန် စီမံဆောင်ရွက် သွားမည် ဟုသိရပါသည်။

တစ်ချိန်တည်းမှာပင် ပြန်ကြားရေးဝန် ကြီးဌာန၊ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများအနေဖြင့်လည်း မြန်မာနိုင်ငံ တစ် ၀န်းလုံးတွင်ရှိသည့် စာကြည့်တိုက်များ ကို အင်တာနက်ကွန်ရက်များ ချိတ်ဆက်၍ e-Book များ ၊ လိုအပ်သည့် သတင်းအချက် အလက်များ ကို လေ့လာဖန်ရှုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး လုပ်ငန်း မှ မြန်မာနိုင်ငံဘာသာပြန်အသင်းကိုပြန်လည်ထူထောင်ပြီး မြန်မာစာပေအပါအ၀င် တိုင်းရင်း သား စာပေဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းစဉ် များ ရေးဆွဲဆောင်ရွက် နေကြောင်း၊ မြန်မာစာပေ အပါအ၀င်တိုင်းရင်းသားစာပေများကို အင်္ဂလိပ် ဘာသာသို့ပြန်ဆိုပြီး ကမ္ဘာသို့ ဖြန့်ချိခြင်း၊ အင်္ဂလိပ်ဘာသာစာပေများကို မြန်မာစာပေ အပါအ၀င်တိုင်းရင်းသား ဘာသာ သို့ဘာသာ ပြန်ဆိုခြင်းများ ဆောင်ရွက်သွားမည်ဟုသိရပါ
ပါသည်။

 ထိုသို့ မီဒီယာရှုခင်း ကို သစ်လွင် လှပအောင် ကြိုးပမ်းရွက်ဆောင်လျက် ရှိသည့် ပြန်ကြားရေးဝန်ကြီးဌာန နှင့် အတူ မီဒီယာ လောကသားများအားလုံး၊အနုပညာ လောက သားများ အားလုံး တစ်တပ် တစ်အား ပါဝင် ကူညီပံ့ပိုးရန် အထူးပင် လိုအပ်ကြောင်း မြန်မာ နိုင်ငံ၏ အနာဂတ်မီဒီယာရှုခင်းကို တစေ့ တစောင်း လေ့လာတင်ပြ အပ် ပါသည်။

(ကျေးဇူးတင်ပါသည်)
ယမုံနာမင်းထွေး
by လျှိုဝှတ်ဥယျာဉ်

(ဓာတ်ပုံ – Reuters)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့