Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 16 May 2013

ICT လုပ်ငန်း လုပ်ကိုင်ရာတွင် လိုအပ်သည့် လိုင်စင်၊ ထောက်ခံချက်များနှင့် ပတ်သက်ပြီး ဖြေလျော့ပေး


ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရဲ့သတင်းများ အရ ICT လုပ်ငန်း လုပ်ကိုင်ရာမှာ လိုအပ်တဲ့ လိုင်စင်၊ ထောက်ခံချက်
များနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာနရဲ့ လုပ်ထုံး လုပ်နည်းများကို ဖြေလျှော့ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖြေလျှော့ရာမှာ ယခင်က တယ်လီဖုန်း စက်ကိရိယာနှင့် ဆက်စပ် ပစ္စည်းများ ရောင်းဝယ်ခွင့် လိုင်စင် လုပ်ရာမှာ လုံလောက်တဲ့ နိုင်ငံခြား ငွေကြေး သုံးစွဲခွင့် Bunk Statement အထောက်အထား တင်ပြရပြီး ယခု Bank Statement တင်ပြဖို့ မလိုတော့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် လိုင်စင်သက်တမ်း ၁ နှစ်အတွင်း အမျိုးအစားတူ ပစ္စည်းများ၊ တင်သွင်းခွင့် အတွက် ထောက်ခံချက်လည်း ထပ်မံယူဖို့ မလိုတော့ဘူးလို့ သိရပါတယ်။ ဆက်သွယ်ရေး စက်ပစ္စည်း တင်သွင်းခွင့် တောင်းခံချက် ရယူချက်ရ ယူပါကလည်း ဖုန်း ဂြိုဟ်တုဖုန်းမပါ သယ်ဆောင်တဲ့ အရေအတွက် အားလုံး အတွက် ယခင်က ထောက်ခံချက် ရယူရပြီး အခုဖုန်း ဂြိုဟ်တုဖုန်းမပါ အရေအတွက် ၂ အထိကို Personal Use အတွက် သယ်ဆောင်တာ ဖြစ်ပါက ထောက်ခံချက် ယူဖို့ မလိုတော့ဘူးလို့ သိရပါတယ်။

Fax Machine အတွက် တင်သွင်းပါက ယခင်က တင်သွင်းခွင့် ထောက်ခံချက် ရယူရပြီး အခု တင်သွင်းခွင့် ထောက်ခံ ချက် ယူဖို့ မလိုတော့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ရုံးသုံးနဲ့ အိမ်သုံး Wireless Router များ၊ Acess Points များ၊ Switch များစတဲ့ ICT ပစ္စည်းများ အားလုံး အတွက် ယခင်က ထောက်ခံချက် ရယူဖို့ လိုအပ်ပြီး အခု အဆိုပါ ပစ္စည်းများနဲ့ ပတ်သက်ပြီး 2.4 GHz လှိုင်းနှုန်း အသုံးပြုတဲ့ ICT ပစ္စည်းများနဲ့ Bluetooth Device များ အတွက် တင်သွင်းခွင့် ထောက်ခံချက် ရယူဖို့ မလိုတော့ဘူးလို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့