Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

ကုံရဆုံရ လူသားဘဝ

ကြုံရဆုံရ လူသားဘဝ

ကျွန်တော်တို့ တွေ မွေးဖွားလာကြပါတယ်။မွေးဖွားလာတဲ့လူသားတွေအချင်းချင်းဒီဘ၀မှာအဖေ၊ အမေ၊ ဆွေမျိုး ညီ
အစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ချစ်သူ၊ရန်သူ အဖြစ်နဲ့တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာ ဟာအမှုမဲ့အမှတ်
မဲ့မဟုတ်ပါဘူး....ဘ၀တစ်ခုခုကပြုခဲ့တဲ့ကံကြောင့်သာဤမျှများပြားလှသောလူ့ဘောင် အဖွဲ့အစည်းအတွင်းမှာ
တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်...


အဲ့လိုပဲရေစက်ကုန်ချိန်

ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲမျိုးစုံနဲ့ခွဲခွာကြရမှာပါ.....
အဲ့ဒါကြောင့်ခုမခွဲခွာရခင်အချိန်လေးမှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့သူတွေအပေါ်မှာတတ်နိုင်သလောက်စိတ်ချမ်းသာမှု
တွေ..မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်.....ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်း
ဘယ်သူကမှဘယ်သူ့ကိုဘယ်အချိန်မှာရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကိုမသိနိုင်ကြလို့ပဲဖြစ်ပါတယ်....


နောက်တစ်ခုက
ကျွန်တော်တို့ တွေအရွယ်တွေရလို့  လုပ်ငန်းခွင်တွေ ၀င်ကြပြီဆိုတာနဲ့  ပြဿနာတွေ အများကြီးရင်ဆိုင်ကြရမှာပါ။
ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်း
ထားပြီးစဉ်းစားနေတဲ့အခါ ကြာလာတော့ ကျွန်တော်တို့ ကိုစတင်ပြီး နာကျင်မှုပေးလာမယ် ၊ဝေဒနာဖြစ်စေလာမယ်။
ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာ
မရတဲ့ အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့ အားအင်တွေလိုပါတယ်
လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ပြသနာတွေကို ခဏတော့မေ့ထားဖို့ လိုတယ်နော်။


နောက်တစ်မျိုးကတော့
တစ်ခါတစ်ခါ ဘ၀မှာ အကူအညီပေးရတာတွေ ကြုံကောင်းကြုံကြမှာပါ။အဲဒီလို ကြုံကြတဲ့အခါ မျိုးမှာ တချို့ ကျတော့ 
 ငါ့တုန်းက တော့  အကူအညီပေးရတယ်...သူ့ အလှည့်ကျတော့ မသိချင်ယောင်ဆောင်နေတယ် ဆိုပြီး စိတ်အလိုမကျ
မှုတွေ ဖြစ်တတ်ကြတယ်။ကိုယ်ပေးလိုက်တဲ့  ကူညီမှု့  မှာ သူ့ ကို အဆင်ပြေသွားစေဖို့ ဆိုတဲ့ ဆန္ဒလေးတစ်ခုပဲ ထည့်
ပေးလိုက်သင့်တယ်။သူ့ ဆီက ပြန်ရဖို့ ဆိုတဲ့  မျှော်လင့်ချက် နဲ့  ကူညီရင်တော့အဲဒီ ကူညီ မှုဟာ သူ့ ကို  ကူညီတာ
မဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ်ပြန်ကူညီနေတာနဲ့ တူသွားမှာပါ။


ပေးဆပ်တယ် ဆိုတာ အပြောလွယ်သလောက် လုပ်ဆောင်ရတာခက်ပါတယ်။ရယူပိုင်ဆိုင်လိုခြင်း နဲ့  ပေးဆပ်ခြင်း
ကို ခွဲခြားပြီး သန့် ရှင်းဖြူစင်စွာ ကူညီလိုက်ကြရအောင်။ဘာဖြစ်လို့ လဲဆိုရင် လူဘ၀ဟာတိုတိုလေး မို့ လို့ ပါ။


လူလတ်ပိုင်းအရွယ်ကြရင် တွေ့ ဆုံကြရမဲ့တစ်ခုကတော့
တစ်ချိန်ကြရင် များသောအားဖြင့် တော်တော်များများ အိမ်ထောင်ပြုကြမှာပါ။ အဲဒီအခါ..မိမိ လက်ထပ်ရမဲ့သူဟာ
မိမိဘဝနဲ့ လိုက်လျောညီထွေ ရှိမရှိ၊ မိမိက သည်းခံခွင့်လွှတ်နိုင်မည့်စရိုက် ဟုတ်မဟုတ်၊ မိမိအတွက် စိတ်ချမ်း
မြေ့မှု ဖြစ်မဖြစ်၊ မိမိဘဝတစ်သက်တာ လက်တွဲနိုင်မနိုင် သေသေချာချာစဉ်းစားဆင်ခြင်ပြီးမှ ရွေးချယ်ဖို့ လိုပါ
တယ်။ ခုမြင်၊ ခုကြိုက်၊ ခုသဘောကြပြီး လက်တွဲဖို့ မဆုံးဖြတ်ပါနဲ့။ သူတို့ရဲ့ဘဝ သူတို့ရဲ့အမှုအကျင့်တွေကို လေ့
လာဖို့ အချိန်ယူပါ။လတ်တလော သာယာမှုကို ဦးစားမပေးပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ချစ်သူဘဝမှာ ဟန်ဆောင်
ဖုံးကွယ်ထားတတ်တော့စရိုက်အမှန်ကို တိုတောင်းသော အချိန်ကာလ အတွင်းမှာ မြင်သာနိုင်ခြင်း မရှိလို့ပါပဲ။
လက်တွဲရယူပြီးမှ ပြုပြင်မယ်ဆိုတဲ့ စိတ်ကူးယဉ် နှစ်သိမ့်မှုမျိုးနဲ့ ဘယ်တော့မှ မရွေးချယ်မိပါစေနဲ့။ လူတစ်ယောက်ဟာ
အခြားလူတစ်ယောက်ရဲ့ လိုအင်ဆန္ဒမှန်သမျှကိုပြည့်ဝကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို
လည်း သတိပြုဖို့ လိုတယ်နော်။


နောက်တစ်ခုကတော့
အိမ်ထောင်တော့ ပြုလိုက်ကြပါတယ်..ဒါပေမယ့် အဆင်မပြေမှု့  တွေနဲ့ ကြုံတွေ့ ကောင်းတွေ့ ကြရမှာပါ။
လူ့ဘဝဆိုတာ တိုတိုကလေးပါ။ လူတစ်ယောက်ဟာ မွေးဖွားလာတဲ့ အချိန်အခါကိုလိုက်ပြီး ကံကြမ္မာရေစီးပေါ်မှာ
လှော်ခတ်မျောပါကြရတာမျိုးပါ။ဒါကြောင့် ကံတရားကြောင့်ဖြစ်စေ၊ လွဲမှားသော ဆုံးဖြတ်ချက်ကြောင့်ဖြစ်စေ ဘဝ
တစ်ခုကို မှားယွင်းစွာ တည်ဆောက်မိတတ်ပါတယ်။ အဲဒီအခါမှာ မထူးဇာတ်ခင်းပြီး စိတ်ဆင်းရဲမခံဖို့ သေသေချာချာ
မှာချင်ပါတယ်။ မိမိဘ၀အတွက်ဘယ်လိုမှ သဟဇာတမဖြစ်နိုင်တဲ့ လက်တွဲဖေါ်ကို ကျောခိုင်းစွန့်ခွာဖို့ သတ္တိရှိပါ။


မိမိအတွက် ချမ်းမြေ့သာယာခြင်း မရှိနိုင်သော ဘဝထဲက ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ။ ချော်လဲ ရောထိုင်မလုပ်ပါနဲ့၊
မတ်တတ်ရပ်ပြီး လမ်းမှာလည်း မငိုပါနဲ့။ လူတစ်ယောက်အသက်ရှင်နေသရွေ့ အချိန်ဆိုတာ ရှိပါတယ်။ ဘဝကို
ပြုပြင်ပြောင်းလဲတည်ဆောက်ရဲရပါမယ်။မှားပြီးရင် အမှန်ကို ပြင်ရဲရပါမယ်။ နောက်တစ်ခေါက် ရွှေးခြယ်မှု့ မှာတော့
နှစ်လုံးသားနဲ့အတူ ဦးနှောက်ကိုပါ ထည့်သွင်းတာဝန်ပေးပြီး အချိန်ယူဆုံးဖြတ်ပါ။ မိမိကိုယ်တိုင် အသင့်ဖြစ်နေမှသာ
ဘဝတစ်ခုကို စတင်ပါ။အရွေးမမှားပါစေနဲ့တော့။


နောက်တစ်မျိုးက
ဘ၀မှာ လိမ်ညာခြင်းဆိုတဲ့ ကိစ္စတွေဟာ မလွဲမသေရင်ဆိုင် ကြရအုံးမှာပါ။ ဒီခေတ်ဒီအခါ မျိုးနဲ့ ကြည့်ရင်တော့ မုသား
မပါ လင်္ကာမချော ဆိုတဲ့ စာသားလေးက လည်းရှိတယ်လေ။ဒါကြောင့် မို့ လိမ်ပါ ဒါပေမယ့် သူတစ်ပါးဒုက္ခရောက် တဲ့
အထိမလိမ်မိဖို့ ပဲလိုတာပါ။လိမ်ပြီးသွားရင် တောင်မှစိတ်ထဲမှာ ငါတော့ လိမ်လိုက်မိပြီဆိုတဲ့ အစွဲလေးတော့ မထားမိ
ဖို့  လိုတယ် ဖြစ်နိုင်ရင် မလိမ်ပဲနေဖို့  တိုက်တွန်းခြင်ပေမဲ့ ကျွန်တော်တောင်ဘ၀မှာ အလိမ်အညာတွေ နဲ့ မကင်းမှ
တော့ သူများတွေကိုလည်း မတိုက်တွန်းပါဘူး။ဒါပေမယ့် လိမ်ပြီးလို့  သူတစ်ပါး ဒုက္ခရောက်တယ်လို့  သိတာနဲ့ 
ကျွန်တော်ကတော့ ဘယ်လောက်အကျိုးအမြတ်ရနေပါစေ အဲဒီအလုပ်ကို ဖျက်ပြီးအသစ်ပြန်စတယ်။


သေချာတဲ့ ဒသနကတော့ လိမ်ပါ သို့ ပေမယ် မှားမှန်းသိတာနဲ့  ဘယ်လောက်အကျိုးရှိ တဲ့အလုပ်ဖြစ်နေပါစေ
ချက်ခြင်းပြင်ပါ။ဘာဖြစ်လို့လဲဆိုရင် အရေးကြီးတာက ကို့အကြောင်းကိုသာ အသိဆုံးမို့ ကိုယ့်ကိုကိုယ် မလိမ်မိပါစေနဲ့။
တော်သေးပြီပေါ့။ နောက်များမှ ဆက်ပြီးရေးသားပါအုံးမယ်။ နောက်ဆုံးပြောခြင်တာလေးက လောကမှာ လူဖြစ်ပြီ
ဆိုတာနဲ့  လူတွေထုပ်တဲ့ စည်းကမ်းတွေ အများကြီးပါ။ လူတိုင်းလိုက်နာ ဖို့ တော့မလွယ်သလို ကျွန်တော်လည်း
တစ်ခါတစ်ရံ မလိုက်နာနိုင်တာမို့  ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မလိမ်ဘူး လိမ်လိုက်မိရင်
တစ်သက်လုံးသွားရော အမြဲသတိရပြီး စိတ်မကောင်းဖြစ်ရတာမို့ …….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့