Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

Mozilla Firefox and Google Chrome တို့ တွင်အသံမလာပါက။

မင်္ဂလာပါမိတ်ဆွေများ။

       ယနေ့ခေတ်မှာလူတိုင်းနီးပါးအင်တာနက်မှ အင်တာနက် ဟုသော ခေတ်သို့ရောက်ရှိလာပါပြီ။
ထို့အတူနည်းပညာများလည်း နေ့စဉ်နှင့်အမျှတိုးတက်ဖွင့်ဖြိုးနေပါသော်လည်း အချို့ သော အင်တာနက်
ကိုစတင်သုံးဆွဲသူများနှင့် နည်းပညာပိုင်းဆိုင်ရာမသိနားမလည်သေးသူများအတွက် တခါတ၇ံအခက်ခဲများ
ရှိတက်ပါသည်။ဥပမာ..အထက်ပါခေါင်းစဉ်ကဲ့သို့ မိမိတို့ အင်တာနက်စာမျက်နှာများဖွင့်လိုက်သည်အခါ

 သီချင်းများပါဝင်သော ဆိုက်ဒ်များ အသုံးပြုလိုသည့်အခါ  မိမိကွန်ပြူတာတွင်အသံမထွက်သော်လည်း
အခြားသော သူငယ်ချင်းများထံတွင် အသံထွက် အသံလာနေပါသဖြင့် စိတ်ညစ်ရသည့်အခါများရှိပါလိမ့်မည်။
ထို့သို့ဖြစ်သောအခါ မိမိသည် Internet Browser တွင် Window Media PlayerPlug In လိုအပ်နေပြီဟုသိရှိသင့်ပါသည်။အချို့စက်များမှာတော့Window Media Player Plug In ရှိသော်လည်းအသံမလာသော သူများကတော့ မိမိစက်မှ Version အဟောင်းကိုဖြုတ်လိုက်ပြီး နောက်ဆုံးထွက်ရှိသည့် Window Media Player Latest Versionကိုမိမိစက်ထဲသို့ ဒေါင်းလုပ် ယူခြင်းဖြင့် အသံမထွက်သည့်ကိစ္စကိုဖြေရှင်းနိုင်ပါသည်။နောက်တနည်းကတော့ Sound card သီးသန့်ပါဝင်သောစက်များအတွက် Sound Driver ကိုပြန်သွင်းပေးလျှင်ရရှိသလို window 7 အသုံးပြုသူများအနေဖြင့် Start Menu >> All Programs>>Window Update လုပ်ပေးဖို့ လိုအပ်ပါသလားစစ်ဆေးပြီး လိုအပ်ပါက Update Install လုပ်ပေးခြင်းဖြင့် မိမိကွန်ပြူတာအတွက်အသံပြန်ထွက်လာနိုင်ပါသည်။အခြားသောနည်းလမ်းများလည်းရှိပါသေသည်
နောက်ပိုင်းတွင်ဆက်လက်ရေးသားဖော်ပြပေးပါမည်။
          ကျနော်အပေါ်ကခေါင်းစဉ်မှာပြောတဲ့ စကားပြန်ဆက်ပါဦမယ်..... အင်တာနက်အသုံးပြုသူအများစုသည် Mozilla Firefox နှင့် Chrome ကိုသာအသုံးပြုလေ့ရှိကြသည်။ထို့  web browsers များသည်  အမြဲလိုလို Plug In များ Update လိုလား မလိုအပ်လားစစ်ဆေးပေးနေဖို့လိုအပ်ပါသည်။ မိမိသည် Mozilla or Chrome ကိုအသုံးပြုပြီး အွန်လိုင်းရေဒီယိုကို နားဆင်လိုသည်ဟု ဆိုကြပါစို့  ထိုအခါ သူတပါးတွေကဲ့သို့ အသံမလာ မကြားရသည်အခါ မိတ်ဆွေ စိတ်ညစ်ရပါလိမ့်မည်။ ထို့အခါ ..... ဤSoftware လေးကိုနှိပ်ပြီးဒေါင်းလိုက်ပါ။

                   >>>Window Media Player Plug In(  Mozilla Firefox or Chrome )/b>

Window Media Player Plug In မလိုအပ်သောသူများကလည်း မိမိ စက်မှာဘာတွေ Plug In Update လုပ်ပေးဖို့လိုအပ်ပါသလဲဆိုတာကို စစ်ဆေးကြည့်ရန်    "ဒီမှာနှိပ်"


မသိရှိသေးသောမိတ်ဆွေများအတွက် ထပ်မံမျှဝေပေးခြင်းဖြစ်ပါသည်။သိရှိပြီးသားသူများအတွက်စိတ်အနှောင်ယှက်ဖြစ်စေခဲ့ရင် နားလည်ပေးပါ။

Reference Link ; http://www.myittarshin.com/2012/04/mozilla-firefox-chrome.html


Dj-Fighter lay ( MTS Online Radio Creator)
www.myittarshin.com
http://209.212.144.155/MTS

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့