Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

ဗုဒ္ဓတရား၏အနှစ်ချုပ်




လောကဓမ္မဂျာနယ်
ဆောင်းပါးအမှတ် ၂                                      ဓမ္မဒါန

ဗုဒ္ဓတရား၏အနှစ်ချုပ်
သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပမ္ပဒါ
သစိတ္တပရိယောဒပနံ
ဧတံ ဗုဒ္ဓါနသာသနံ
ဓမ္မပဒ ( ၁၈၃ )

မကောင်းမှုမှန်သမျှကိုရှောင်
ကောင်းမှုမှန်သမျှကိုဆောင်
စိတ်ကိုစင်ကြယ်အောင်ထား
အဲဒါဘုရားရှင်တို့ရဲ့ဆုံးမစကား

ဗုဒ္ဓဘုရားရှင် ၄၅ ၀ါကာလပတ်လုံးဟောကြားခဲ့သောတရားများကိုအနှစ်ချုပ်လိုက်
ရင်အထက်ကအတိုင်းဘဲရပါတယ်၊
အထက်ကတရားများကိုဘယ်လိုသဘောပေါက်နားလည်ရမလဲ ၊
၁ - မကောင်းမှုဆိုတာဘာလဲ - မကောင်းမှုပြုလုပ်ခြင်းရဲ့ အပြစ်တွေကဘာတွေလဲ
၂ - ကောင်းမှုဆိုတာဘာလဲ - ကောင်းမှုပြုလုပ်ခြင်းရဲ့ အကျိုးတရားတွေကဘာလဲ
၃ - စိတ်ကိုဘယ်လိုဖြူအောင်ထားရမလဲ
စိတ် ( မနော ) ဖြင့်ြ့ပုနိုင်သော မကောင်းမှုများကဘာတွေလဲ -
စိတ် ( မနော ) ဖြင့် ကောင်းမှုပြုလုပ်ခြင်းရဲ့ အကျိုးတရားတွေကဘာတွေလဲ
ဒါတွေကိုသိရန်လိုပါလိမ့်မယ်


၁ - မကောင်းမှုဆိုတာဘာလဲ - မကောင်းမှုပြုလုပ်ခြင်းရဲ့ အပြစ်တွေကဘာတွေလဲ

ကိုယ်ဖြင့်ကျူးလွန်နိုင်သောမကောင်းမှုဒုစရိုက်များ

၁ ၊ ပါဏာတိပါတာ                  သူတပါးအသက်ကိုညှင်းဆဲသတ်ဖြတ်ခြင်း
၂ ၊ အဒိန္ဒာဒါနာ                       သူတပါးမပေးသောပစ္စည်းကိုယူခြင်း
၃ ၊ ကာမေသုမိစ္ဆာစာရာ            ကာမဂုဏ်၌မှားယွင်းစွာပြုခြင်း
၎ ၊ သူရာမေရယ             မူးယစ်ထုံးထိုင်စေသောအရာများသောက်စားမှီဝဲခြင်း

နှုတ်ဖြင့်ကျူးလွန်နိုင်သောမကောင်းမှုဒုစရိုက်များ

၁ ၊ မုသာဝါဒါ                       မဟုတ်မမှန်လိမ်ညာကြွားဝါပြောဆိုခြင်း
၂ ၊ ပိသုဏာဝါစာ            ဂုန်းချောခြင်း ( တဘက်သားချစ်ခင်မှုပျက်ပြားအောင်ပြောခြင်း
၃ ၊ ဖရုသ၀ါစာ                     ရုံ့ ရင်းကြမ်းတမ်းသောစကားကိုပြောဆိုခြင်း
၎ ၊ သမ္ဖပ္ပလာပ                      သိမ်ဖျင်းသောစကားကိုပြောဆိုခြင်း

ကိုယ်နှင့်နှုတ်ကိုမလွန်ကျူးအောင်စောင့်ထိန်းနိုင်တာသီလဖြစ်ပါတယ်၊သီလစောင့်ထိန်းခြင်းအား
ဖြင့်ကာယကံဝစီကံ ကျူးလွန်မှုများကိုမလွန်ကျူအောင်ဆောင့်ထိန်းနိုင်ခြင်းသာဖြစ်ပါတယ်
* ဥစ္စာနှင့်အသက်ယှဉ်လာလျှင် အသက်ကိုသာရွေး၍ ဥစ္စာကိုစွန့်ရာ၏
* သီလနှင့်အသက်ယှဉ်လာလျှင် အသက်ကိုစွန့်၍ သီလကိုသာမပျက်အောင်စောင့်ထိန်းရာသည်၊
သီလ လုံခြုံအောင်စောင့်ထိန်းခြင်းသည် ၀ိပဿနာတရားအားထုတ်မှုအတွက် မရှိမဖြစ်တဲ့အခြေခံ
လိုအပ်ချက်တခုဖြစ်ပါတယ် ၊ ( သို့သော် )
ဒါန   လောက်သာ  ပြည့်စုံကာဖြင့်  လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အားရ၍လည်းမနေနဲ့
သီလ   လောက်သာ  ပြည့်စုံကာဖြင့်  လုံးဝအပါယ် လွတ်ပြီကွယ်ဟု စိတ်ဝယ်ရွှင်ပြ နှစ်သိမ့် ထ အားရ၍လည်းမနေနဲ့
လို့ဆိုထားပါတယ်
ဒါန သီလ အလုပ်များသည် ဘုရားမပွင့်ခင်တည်းက ရှိနေသော အကျင့်တရားများဖြစ်သည်
အပါယ်သံသရာမှလွတ်သောအကျင့်ကို ဘုရားပွင့်မှာ သိခွင့်ရပေသည်၊
ဘုရားသည်ဘယ်အကျိုးငှါပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါသလဲ၊သတ္တ၀ါများအပါယ် ၄ ပါး သံသရာတွင်
ကျင်လည်နေကြရသည်သိရှိနားလည်ပြီး၊ အပါယ် ၄ ပါး သံသရာမှ လွတ်သောအကျင့်ဝိပဿနာကျင့်ရန်
ညွှန်ပြဆုံးမလို၍ပွင့်ထွန်းလာခဲ့ခြင်းဖြစ်ပေသည်၊
စိတ် ( မနောကံ ) ကိုမလွန်ကျးအောင်ဆောင့်ထိန်းရန်အတွက်ကိုတော့ဝိပဿနာဆိုတဲ့စိတ်ကို
အထူးဂရုစိုက်၍စောင့်ကြည့်ခြင်းပြုလုပ်မှသာရပါတယ်
ဗုဒ္ဓသည် စိတ်ကိုအထူးစောင့်ကြည့်ခြင်းဟူသော ၀ိပဿနာအလုပ် လုပ်ကြရန် ၁၇၉၂ ကြိမ်မှာကြား
တော်မူခဲ့ပါသည်၊ထို့ကြောင့်
ရုပ်နမ်တြို့ဖစ်ခြင်းပျက်ခြင်းကိုမသိမမြင်ဘဲလျက် - နှစ်ပေါင်းတရာကာလ
ကြာအောင်အသက်ရှင်လျက်နေရခြင်းထက် - ရုပ်နမ်နှစ်ပါးတို့၏ဖြစ်ခြင်းပျက်ခြင်း
ကိုသိမြင်သောပုဂ္ဂိုလ်၏ တနေ့တရက် တနံနက်မျှအသက်ရှင်၍နေရခြင်းက
သာ၍ မြတ်၏ဟု ဓမ္မပဒပါဠိတော်တွင်ပါရှိပါသည်၊
ယောစ၀ဿသတံ ဇီဝေ ၊ အပဿံ ၊ ဥဒယဗ္ဗယံ ၊ ဧကာယံ ဇီဝိတံ သေယျော
ပဿတော ဥဒယဗ္ဗယံ ၊

( ခုဒ္ဒကနိကယ် ဓမ္မပဒပါဠိတော် ဂါထာ ၁၁၃ )


ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့