Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 6 April 2012

ကံတရားသာ အားကိုးစရာ

မြတ်စွာဘုရားသည် နာဠန္ဒာမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် အသိဗန္ဓကပုတ္တ ရွာသူကြီးအား ကံတရားနှင့် စပ်၍ ဟောတော်မူဖူး၏။ ရွာသူကြီးက မြတ်စွာဘုရားအား -

“အို … မြတ်စွာဘုရား ပစ္ဆဘူမိအရပ်တွင် နေကြသော ဗြဟ္မဏတို့က သေသူတို့ကို နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်အောင် ပိုဆောင်ပေးနိုင်ကြသည်ဟု ဟောပြောနေကြပါသည်။ မြတ်စွာဘုရားကကော နတ်ပြည်ဗြဟ္မာ့ပြည်သို့ သေသွားသော သတ္တ၀ါတို့ကို ပို့ပေးနိုင်ပါသလော” ဟု မေးလျှောက်သည်။

မြတ်စွာဘုရားက ကျောက်ဖြာကြီးကို ရေထဲချလျှင် ပေါ်တက်မလာဘဲ မြုပ်သွားမြဲဖြစ်သကဲ့သို့ ဒုစရိုက်သမားများမှာလည်း အပါယ်ငရဲတွင် နစ်မြုပ်ရမြဲဖြစ်သည်။ ထောပတ်အိုးကို ရေနက်ထဲ ရိုက်ခွဲလိုက်ပါက ထောပတ်သဘာဝ ရေပေါ်သို့ တက်မြဲဖြစ်သကဲ့သို့ သုစရိုက် တရားများသည်လည်း သုဂတိဘုံဘ၀များသို့ ပို့ဆောင်မြဲ ဖြစ်သည်။ မည်သည့်ဗြဟ္မာ မည့်သည့်ဘုရား မည်သည့်ဖန်ဆင်းရှင်ကမျှ သတ္တ၀ါတို့၏ ဘ၀မြင့်ရေး နိမ့်ရေးကို ကယ်မ၊ မပေးနိုင်ကြောင်း၊ ဆုတောင်း၍ မရကြောင်း ဟောပြတော်မူခဲ့သည်။

သတ္တ၀ါအများ အစစ်အမှန်အားကိုးရမည့် အရာကား မိမိတိြု့ပုသည့် ကံတရားပင်ဖြစ်ကြောင်း ထင်ရှားသွားလေတော့သည်။ သားသမီး ကျူးလွန်သော ရာဇ၀တ်မူ ပြစ်ဒဏ်ကို မိဘကူခံ၍ ရရိုးမရှိ။

ကံသဘောတရားသည် လေးနက်လှသည်။ အတိတ်ကံ ပစ္စုပ္ပန်ကံ နှစ်တန်ပြည့်စုံမှသာ အောင်မြင်ကြသည်။ အတိတ်ကံသည်လည်း မိမိပြုလုပ်ခဲ့သော ကံပင်ဖြစ်၍ မိမိနှင့် သက်ဆိုင်သည်ပင် ဖြစ်သည်။ အတိတ်ကံကောင်းရှိသော်လည်း ဉာဏ် ၀ီရိယခေါ် ပစ္စုပ္ပန်ကံ ကြိုးစားမူရှိမှသာ အထွတ်အထိပ်အောင်မြင်သူ ဖြစ်သည်။ အတိတ်ကံကို ပြင်၍မရသော်လည်း ပစ္စုပ္ပန်ကံထောက်ကူက အောင်မြင်ရသည်သာ ဖြစ်သည်။

မြတ်စွာဘုရားဟောကြားတော်မူသော ဒေသနာတော်နှင့် အညီ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ဖြင့် ကံကို အရင်းမူလ ပဓာန အဖြစ်ထားပြီး ဉာဏ်နှင့် ၀ီရိယထောက်ကူမူ အပြည့်အ၀ဖြင့် ကြိုးစားအားထုတ်သူသည်သာလျှင် လူ့လောကတွင် လူချွန်လူမွန်တစ်ယောက် ဖြစ်နိုင်ပေလိမ့်မည်။ အချိန်ကောင်း အခါကောင်း အခြေအနေကောင်း ကြုံတွေ့လာပါမူ ဘုန်းရှင်ကံရှင် သမ္ဘာရှင် ပါရမီရှင်တစ်ဦးအဖြစ် ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း မန်လည်ဆရာတော်ဘုရားကြီးက -

“ကံရင်းမူလ ၀ီရိယနှင့် ဉာဏ်ထောက်ကူ ရှိသည့်သူမှ လူတွင်လူမွန် လွှားတံခွန်သို့ လူချွန်တစ်ယောက် တစ်ခေါ်လောက်အောင် ခါရောက်ချိန်ဆုန်း တုမဲ့နူန်း၍ ရွှေဘုန်း မော်ရမည်ကိုသော်” ဟု အားပေးတော်မူခဲ့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့