Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 1 May 2012

ယုံတမ်းစကားနဲ့ ကယ်တင်ပါ

ကြယ်ရောင်တွေ ပျောက်ပေမယ့်

အဲဒီညမှာ အလင်းရောင်က တောက်တောက်ပပရှိနေတယ်....

ချစ်သူအပြုံးကြောင့် ဖြစ်မယ်....။

နွေကမ္ဘာ ပူလှပေမယ့်

ရင်ထဲမှာ စမ်းရေလို အေးတယ်....။

ချစ်သူ အကြင်နာပေးလို့ ဖြစ်မယ်...။

အခါခါ ပန်းပွင့်တွေကြွေကျတာမှန်ပေမယ့်

နွေအခါ ပန်းပွင့်တွေ ဝေကြပြန်တယ်...

ချစ်သူ မျက်စောင်းဟန်ကြောင့်ဖြစ်မယ်...။

ယုံတမ်းပုံပြင်တွေထဲကလို

ချစ်သူက မွှေးမွှေးပေးလို့ 

အရာရာ အေးမြမယ်ဆိုရင်


ပူနေတဲ့ကမ္ဘာကြီးအတွက်


ချစ်သူရယ်..မွှေးပြပါကွယ်....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့