Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 1 May 2012

ဗလောင်းဗလဲကိုကောင်းကောင်းပြောတတ်သော်မိန်းမ

အော်..မိန်းမ..မိန်းမ... ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ်
.... ' သူ့ကိုကြိုက်လို့  စိုက်စိုက်လာနေတယ် ' ... လို့
အဲလိုမှ မလုပ်ပြန်ရင်လဲ ... 'ယောက်ျားတန်မဲ့မာနကြီးလိုက်တာ ' ... တဲ့
သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် ... ' သူ့ကိုယ် သူမင်းသားမှတ်နေတာ ' ...
လို့
အဲလိုမှ မ၀တ်ပြန်ရင်လဲ ' လူမှာအ၀တ် 'တဲ့
သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် ...' ယောက်ျားတန်မဲ့ '...လို့
ငြိမ်နေပြန်တော့လဲ ... ' ရေခဲတုံးကြီး… '
...တဲ့
သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် ... ' ဂျင်ပေါ်ကထုံး '...လို့
သူကများ ပိုတော်နေရင်တော့လဲ ...' သိသူဖော်စား'...တဲ့
သူ့ကိုများ မကြိုက်ဘူးဆိုရင် ... " သူက ဘာမလို့ လဲ ..သူကြိုက်တဲ့ကောင်မလေးက
ဘာကြီးဘာကွာ....ညာကြီးပါကွာ.....ဘယ်တုန်းကဘယ်သူနဲ့ဘယ်လို....ဘာဖြစ်ခဲ့တယ်...ညာဖြစ်ခဲ့တယ်...အခုမှ
အထာတွေပိုနေတာပါကွာ......စတဲ့စတဲ့....အတင်းတွေပြောလာပါလိမ့်မယ်
သူ့ကို ကြိုက်မိပြန်တော့လဲ ... ဟိုလိုလို..ဒီလိုလို..ပဲများလာပါလိမ့်မယ်....
ချစ်နေတဲ့ အမူအရာများ ပြမိရင်ပြောပါလိမ့်မယ် ... 'ဘဲကြီး ငါ့ကိုကျွေနေတာဆိုပြီး
နောက်ကွယ်မှာ လျှောက်ဖေါဦးမယ်....
အဲလို အမူအရာမပြပြန်တော့လဲ ... ' သူက ဘာမလို့ လဲ
'...တဲ့
အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် ... ' ဘာလိုလိုနဲ့ ဖာသိဖာသာနေ '...လို့
မတိုင်ပင်ဘဲ နေပြန်တော့လဲ ... ' စိတ်တူကိုယ်တူမရှိဘူး '...တဲ့

သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ် ...' လင့်မျက်နှာတစ်ရွာထင်ပြီး လိုက်လာတာမှားတယ် ' ...လို့
သူကများ အော်ငေါက်ရင်တော့ ' စိတ်ဆိုးအောင်မလုပ်နဲ့  '...တဲ့

ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ် ... ' ယောက်ျားဖြစ်ပြီး ကတိမတည်ဘူး '...လို့
သူဘက်ကဖျက်ရင်တော့ ...' စိတ်စမ်းကြည့်တာပါ ' ...တဲ့

ယောက်ျားလေး......... ဘောလုံးပွဲ သွားမိရင် ပြောပါလိမ့်မယ် ...'
အချိန်တော်တော်ံဖြုန်းတဲ့လူ..လို့
သူ shopping သွာဲးတာကျတော့ ...' အပေါင်းအသင်းဆုံလို့ ပါ '...တဲ့

သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် ...' သူပါရမီ ဖြည့်တတ်လို့ပါ '...လို့
သူအောင်ရင်တော့ ... ' ပခက်လွဲသော လက်…ဘာညာဘာညာ ' ...တဲ့

သူများကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ် ... ' ကိုယ်ချင်းစာတရားမဲ့တဲ့လူ
' ...လို့
သူ့ကြောင့်များ သင်ခိုက်မိရင်တော့ ... ' မတော်တဆ ပါ ' ...တဲ့



မိန်းမ တွေ အကြိုက် အခါတစ်ရာလိုက်လဲ
မလိုက်တစ်ခါ ရှိခဲ့ပါမူ...
၇ ရက် ၇ လီ စိတ်ကောက်တတ်၏( ထမင်းဟင်းမချက်ဘဲ အမေ့အိမ်ဆင်း၍ နေတတ်သေး၏ ..)......

ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်.......သူ့ ကို
ချစ်တာမဟုတ်ခဲ့ပါဘူး ...အစ်ကိုလိုခင်တာဘာ..မောင်နှမစိတ်ပါတဲ့........(ဗလောင်းဗလဲ
ကိုကောင်းကောင်းပြောတတ်သေးပါတယ်..............)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့