Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 12 May 2012

အလွမ်းတွေရေသောက်ဆင်းတဲ့ည

ပြန်လာမယ်လို့ပြောမသွားဘူး
စောင့်နေလို့လည်းမခိုင်းခဲ့ဘူး
ဒါပေမဲ့...........
ပြန်လာမယ့်နေ့ရက်တွေကို
စောင့်ခဲ့ရတာမောနေပြီ
ရင်ခွင်တွေများနေတဲ့မင်းအတွက်
ငါဆိုတဲ့ကောင်မလေးက
အညတရတယောက်ပါလေ
တခဏအတွင်း
အရိုင်းဆန်တဲ့ငါ့နှလုံးသားက
နင့်လှည့်ကွက်တွေထဲဝပ်ဆင်းခဲ့တယ်
ငြင်းဆန်မှုတွေကြားထဲကပဲ
ရရှိဖူးတဲ့အနမ်းတပွင့်က
အခုတော့ဝေဒနာကဗျာတပုဒ်
အဆောင်ရှေ့ကခုံတန်းလေးပေါ်
နင်ပြောခဲ့တဲ့ပုံပြင်တွေကို
ယုံလွယ်ခဲ့တာငါ့အမှားလား
ကျောင်းကြီးပိတ်တဲ့အချိန်မှာ
နင်ပေးခဲ့တဲ့အလွမ်းတွေက
ငါ့ရင်ခွင်ကိုအဆိပ်သင့်စေခဲ့ပြီ
ငါခိုနားခွင့်ရချင်သေးတယ်
နင့်ရင်ခွင်ဝင်ပြီးတော့
ငါငိုကြွေးခွင့်ရချင်သေးတယ်
နင့်ပုခုံးမှာမှီပြီးတော့
ငါမှေးစက်ခွင့်ရချင်သေးတယ်
နင့်လက်မောင်းအုံးပြီးတော့
ငါ....ငါ....ငါ...........
ပြန်မလာမယ့်နင့်အချစ်ကို
(ရူးသွပ်မှုသက်သက်နဲ့ပဲ)
စောင့်နေခွင့်တော့ပြုပေးပါ
                                          သူနဲ့ပတ်သတ်ခဲ့သမျှအားလုံးကိုမေ့ထားချင်ပေမဲ့
                                          ဒီနေ့ကိုတော့နှလုံးသားကခြွင်းချက်ပေးပါတဲ့ 
                                          ကဲ.....ခက်ဖူးလားကွယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့