Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 12 May 2012

အချစ်ဆိုတာ ဘာလဲ...?


ကျမ ကလေးဘဝက အချစ်ဆိုတာ ပုံပြင်ဒဏ္ဍာရီတွေ ထဲကလိုပဲလို့ ယုံကြည်လက်ခံခဲ့ဖူးပါတယ်။ ကျမ လက်တွေ့ ဘဝမှာ
ကလေးဘဝက ပုံပြင်ထဲက မင်းသာလေးကို သဲသဲမဲမဲ ရှာခဲ့ဖူးပါတယ်။ ကျမ ပုံပြင်ထဲက မင်းသားလေးကို ရှာတိုင်း
စိတ်တိုင်းမကျပဲ ၊ စိတ်ပျက်၊လက်ပျက်ပဲဖြစ်ခဲ့ရပါတယ်။ ကျမ ရှာတွေ့တဲ့ မင်းသားတိုင်းဟာလည်း ဘယ်တော့မှ ပုံပြင်ထဲ
က မင်းသားလေးလို စိတ်တိုင်းကျ မဖြစ်ခဲ့ရပါဘူး။

ဒါကတော့ ကျမ လက်တွေ့ကျကျ ခံစား တွေ့ကြုံရတဲ့ ယနေ့ အချစ်ဆိုတာပါပဲ။ အချစ်ဆိုတာ ဘာရယ်လို့ တိတိကျကျ
ပြတ်ပြတ်သားသား ပြောဖို့သိပ်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ အသွင် မျိုးစုံ၊ ပုံသဏ္ဍန်မျိုးစုံလို့ပါပဲ။


တခါတစ်လေမှာ အချစ်ဟာ အရာအားလုံးထက် သာလွန်နေတာ တွေ့ရတက်ပါတယ်။ အချစ်ဟာ ဘဝအတွက် စွမ်းအင်
တွ၊ ခိုင်မာမှုတွေနဲ့ တည်ဆောက်ထားတယ်လို့ ခံစားရသလို ၊ တခါတရံ အချစ်ဟာ လှုံခြုံစိတ်ချရတယ်။ ကျောက်တောင်
ကြီးလို့ ခိုင်မာမှုရှိတယ်လို့ခံစားရပါတယ်။

အချစ်ဟာ ပုံသဏ္ဍန်မှ.. အမြစ်တွယ်လာသောအခါ ..
အမြဲစွဲလမ်းလေ့ရှိပြီး ပုံသဏ္ဍန်အမျိုးမျိုးနဲ့ အချစ်ရဲ့ ကိုယ်ဟန်ပြတော့တာပါပဲ။
ကျမရဲ့ အတွေ့အကြုံအရ အချစ်ဟာ ခံစားမှု သက်သက်မဟုတ်သလို ၊ အချစ်ဟာ ထိုခံစားမှု အထွဋ်အထိပ်ကို ရှာဖွေ
ဖို့ နေရာတခုလည်း မဟုတ်ပါဘူး။ အချစ်ဆိုသည်မှာ တာဝန်ယူတတ်ခြင်း၊ တန်ဖိုးထားတတ်ခြင်းနဲ့ ၊ ယုံကြည်ခြင်းတ
ို့ပါဝင်ပါတယ်။ နှစ်ဦးသား တာဝန် သိသိနဲ့ ဝမ်းမြောက်ဝမ်းသာ လက်ခံဂုဏ်ယူခြင်းကို အချစ်ဟုခေါ်ပါတယ်။


အချစ်ဟာ ဆက်လက်တည်ဆောက်ရမယ့် ကြိယာ တစ်ခုသာ သာဖြစ်ပြီး ၊ အချစ်ဟာ ခရီးဆုံးပန်းတိုင် မဟုတ်သလို ၊
ခေတ္တနားခိုရာ နေရာတခုလည်း မဟုတ်ပါဘူး။ အကယ်၍ တစ်ယောက်ယောက်က မင်းကို နာကျင်စေတယ် ၊ ဝေဒနာ
တွေ ခံစားစေသည်ဆိုဦးတော့ ဒါဟာ မင်းကို မချစ်လို့ ရင်စက်သွားပြီးလို့ မဆိုနိုင်ပါဘူး။

ကျမ ယောက်ျာလေး တစ်ယောက်ကို မြတ်မြတ်နိုးနိုး ချစ်ခဲ့ဖူးပါတယ်။
သူဟာလည်း ကျမကို သူမှာရှိတဲ့ အရာအားလုံးထက် ချစ်မြတ်နိုးပါတယ်။
ကျမကို အသက်ထက်အောင် ချစ်ပါတယ်ဆိုတဲ့ ယောက်ျားလေးပဲ ၊
ကျမ မယုံကြည် လက်မခံနိုင်လောက်အောင် ကျမ နှလုံးသားကို နာကျင်စေခဲ့ပါတယ်။


ကျမ အချစ်ကို သဘောပေါက်လိုက်တာကတော့ .. "တစ်ယောက်ယောက်ကို အသဲနှစ်အောင် ချစ်နေစေဦးတော့
ဝန်တိုမှုစတဲ့ ကိုယ့်အတွေးအမြင်တွေ ရှိနေသေးရင်တော့ အချစ်ရဲ့စစ်ပွဲတွေ၊ အချစ်ရဲ့မိစ္ဆာတွေ၊ အချစ်ရဲ့ရှုပ်ထွေးမှု
တွေရှိနေဦးပါပဲ။


ဒီလိုအခြေအနေမျိုးမှာ ဖြစ်လာတဲ့ အကျိုးဆက်ကတော့ မကြံစည် မရည်ရွယ်ထားတဲ့ ဆုံးဖြတ်ချက်တွေ တဖက်သား
အား နာကျင်မှုတွေ ဖြစ်စေတော့တာပါပဲ။ ကျမကိုယ်တိုင်လည်း အချစ်တက္ကသိုလ်မှာ လေ့လာနေဆဲ အချစ်
ကျောင်းသားပဲရှိပါသေးတယ်။ ဒါကတော့ ယနေ့ကျမ လက်တွေ့ ခံစားရတဲ့ အချစ်ရဲ့အဓိပ္ပါယ်ပါပဲ။

အချစ်ဆိုတာ တာဝန်သိတတ်ခြင်း၊ အချစ်ဆိုတာ ထာဝရ ရှင်သန်အောင် ဆောက်တည်ရမယ့် အရာ၊
အချစ်ဆိုတာ ခံစားမှု သက်သက်အတွက် အရာဝတ္ထုတခု မဟုတ်ပါ။
 

မှန်ပါတယ်…

အချစ်စစ် အချစ်မှန်ဆိုတာ နှစ်ဦးသား ချစ်ခင်ကြင်နာစွာနဲ့ အရာရာကို မျှဝေခံစားရမယ် ၊ ဒါဆိုရင် အချစ်ဟာ ပုံပြင်
ဒဏ္ဍာရီထဲ ဇာတ်လမ်းလေး မဟုတ်ရင်တောင်မှ နှစ်ဦးသားကို ဖမ်းစားထားတဲ့ အချစ်မျက်လှည့်ပွဲလေ တစ်ခု
လောက်တော့ဖြစ်လာမှာပါ။


သင်ဟာ .. အချစ်အတွက် စွန့်စားရဲရမယ်၊ သင်ဟာ.. အချစ်အတွက် ပေးဆပ်ရဲရမယ်၊ “ မယ် တထမ်း ၊ မောင် တရွက်”
ဆိုတဲ့ မြန်မာ စကားပုံလို ချစ်သူ နှစ်ဦးသားရဲ့ ဘဝ ဝန်ထုပ် ဝန်ပိုးတွေကိုလည်း သယ်ပိုးရပါမယ်။အချစ်နဲ့ကြုံတွေ့ရတဲ့
အရာအာလုံးကို နှစ်ဦးသားအတူတကွ ဖြေရှင်းရပါမယ် ၊ ဒါမှသာ အချစ်စစ်အချစ်မှန် ဖြစ်လာပါမယ်။တခါတရံ...
သင်ဟာ အချစ်ကို ကာရံမဲ့ ကဗျာ တပုဒ်လို ရေးစပ်ခဲ့မယ်ဆိုရင်တော့ ၊အချစ်က “ ဘာကြောင့်” ဆိုတဲ့အကြောင်းပြချက်
တစ်ခုခု တောင်းနေဦးမှာပါပဲရှင်..။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့