မြင်ကတည်းက
ရင်ထဲစွဲခဲ့တယ် မဏိစန္ဒာ .....
ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အရှင့်အာဏာ စော်ကားခဲ့သူမို့
သြော် ...ဓါးထိကာ အသေသက်ရင်လည်း
ကျေနပ်မှာပါ ၊
မလျော်တာ အခက်ကြံဆမိလို့
အနော်ရထာ မျက်မာန်ရှမှာလဲ
ခံရမယ် သေအချာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာက နှစ်ဆင့်ပိုကဲ ။
ရင်ထဲစွဲခဲ့တယ် မဏိစန္ဒာ .....
ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အရှင့်အာဏာ စော်ကားခဲ့သူမို့
သြော် ...ဓါးထိကာ အသေသက်ရင်လည်း
ကျေနပ်မှာပါ ၊
မလျော်တာ အခက်ကြံဆမိလို့
အနော်ရထာ မျက်မာန်ရှမှာလဲ
ခံရမယ် သေအချာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာက နှစ်ဆင့်ပိုကဲ ။
မသင့်လျှော်တာ ချစ်ခဲ့သူမို့
အရှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာ ဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့
ဘုရင့်အာဏာ မဖီဆန်ရဲတာကြောင့်
လက်လွဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ် သခင် ထင်သလား
ရင်ခွင်မှာ ဆယ်နေကဲသလို
အမြဲပူလောင်လှချည့်ရဲ့
ကြိုးနှောင်ကာ အရှင်တည်းပါလို့
ရင်ကို လှံ မထိခင်က
ချစ်မိသူ အသည်းကြွေပြုန်းကာ
(မဏိစန္ဒာ ရယ် )
ကိုယ်ကတော့ အမြဲသေဆုံးခဲ့ပါပြီ ။
အရှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာ ဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့
ဘုရင့်အာဏာ မဖီဆန်ရဲတာကြောင့်
လက်လွဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ် သခင် ထင်သလား
ရင်ခွင်မှာ ဆယ်နေကဲသလို
အမြဲပူလောင်လှချည့်ရဲ့
ကြိုးနှောင်ကာ အရှင်တည်းပါလို့
ရင်ကို လှံ မထိခင်က
ချစ်မိသူ အသည်းကြွေပြုန်းကာ
(မဏိစန္ဒာ ရယ် )
ကိုယ်ကတော့ အမြဲသေဆုံးခဲ့ပါပြီ ။
No comments:
Post a Comment