Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 1 May 2012

ထားခဲ့ပါတော့.......လှည့်မကြည့်ကြေးးပေါ့

ဝေးသွားပြီးပြီပဲဟာ.........
ဝေးလက်စနဲ့မှ နင်ထားခဲ့တော့ပေါ့......
ငါ့ကို နင့်အတွေးထဲကနေ ထုတ်ထားတာပဲ ကြာလှပေါ့.....
မပြတ်သားနိုင်တဲ့အတွေးတွေ နဲ့....
ငါ့ကို လှည့်ကြည့်ပြီးးးးးးနင်ဘာလို့ အစကနေပြန်စချင်နေတာလဲ.????

ငါလေ........
နင်ထားခဲ့တဲ့နေရာမှာ ရပ်နေခဲ့တာ.....
နင့်ကို မျှော်ကြည့် စောင့်စားနေတာ မဟုတ်ပါဘူးးးးး
ငါသွားမဲ့လမ်းးးးငါရွေးချယ်မဲ့လမ်းကို
ငါမျှော်ကြည့်နေတာပါ.......။

ငါ့ဘေးနားကို နင်ပြန်လာချင်ရင်တောင်မှ...
ငါ့ဘေးမှာ ..နင့်ကြောင့်..ငါငိုနေရတုန်းက
နင့်ကြောင့် ငါ ကမ္ဘာပြိုနေချိန်တုန်းက...
နင့်ကြောင့် နာကျင်ခြင်းတွေ ငါခံစားရချိန်တုန်းက...
နင့်ကြောင့် ငါမျက်ရည်ကျနေချိန်တုန်းက....
နင့်ကြောင့်..........
နင့်ကြောင့်................ပေါင်းများစွာနဲ့ ငါခံစားနေရတဲ့အချိန်မှာ...
ရင်နာစွာနဲ့...ငါ့ကို ချော့မော့အားပေးဖေးမပေးတဲ့...သူ
သူ့ကို ငါ ငါ့အနားမှာပဲ........မဟုတ်ဘူး
ငါ့ရဲ့ ရင်ထဲမှာ ထည့်ထားမယ်.....
ငါ လေ ငါ့ကို မနာကျင်စေမယ့် သူ့အနားမှာပဲနေပါရစေတော့....
ငါ့ကို သိပ်ချစ်ပေးတဲ့ သူ့နားမှာပဲ ငါနေတော့မယ်......
နင့်ကို ချစ်ခဲ့တယ်ဆိုပေမဲ့...
သူ့ကို ငါ ယုံကြည်တယ်
လေးစားတယ်......
အားကိုးတယ်.......
ရိုသေတယ်.........
နားလည်တယ်
အားလဲနာတယ်......
ငါ့ကို ချစ်တဲ့သူ့ကို ငါချစ်တယ်.......
သူကလဲ ငါ့ရဲ့ ဆိုးဒဏ်တွေကို ခံပြီးငါ့ကိုချစ်ရှာတယ်......
နင် ပြန်မလာပါနဲ့........
နင်ပြန်လာရင် ငါ့နှလုံးသားပေါ်က အမာရွတ်က ပြန်ပြီးနာလာမှ စိုးတယ်..
နင်ပြန်လာခဲ့ရင်...
ငါ့နှလုံးသားရဲ့ ညည်းညူသံတွေ
ငါ့မာနရဲ့ တိုက်ပွဲခေါ်သံတွေ....
ငါ့အတ္တရဲ့ အနိုင်ယူလိုမှုတွေ...နဲ့
နင်ကော ငါပါ...သူပါ...
နာကျင်ခံစားရလိမ့်မယ်...

နင့်ကို တစ်လှည့် နာကျင်စေလိုပေမဲ့
သူ ထပ် နာကျင်သွားမှာ ငါမလိုလားဘူးးး
သွားလက်စနဲ့ နင် ဆက်သွားလိုက်ပါ..........
နောက်ကို ပြန်ကြည့်မိတိုင်းလဲ.........
မနာကျင်ပါနဲ့.........
နာကျင်မှုအစားးးးးမုန်းပါ.........
ကြေကွဲမှုအစားးးးးးးးနာကြည်းပါ...........
ငါ့ကို လှည့်မကြည့်ပါနဲ့.........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့