Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 26 May 2012

ဧရာဝတီတိုင်းဒေသကြီးတွင် စက်မှုဇုန်များအတွက် လျှပ်စစ်မီးပေးရန် စီစဉ်ဆောင်ရွက်ထား

ဧရာဝတီတိုင်းဒေသကြီးတွင် စက်မှုဇုန် သုံးဇုန်တည်ဆောက်ရန်အစီအစဉ်ရှိ ကာ စက်မှုဇုန်များအတွက်လိုအပ်မည့် လျှပ်စစ်မီးပေး ရန်ကိုလည်း စီစဉ်ဆောင် ရွက်ထားကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ယခု လ ၁၇ ရက်နေ့၌ ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ၀ါး ခယ်မ၊ မအူပင်တွင် စက်မှုဇုန်သုံးဇုန် ဆောက်လုပ်ရန် စီစဉ်ထားကာ စက်မှု ဇုန် များအတွက်သာ လျှပ်စစ်မီးပေးရန် အစီ အစဉ်ရှိကြောင်း ဦးသိန်းအောင်က ပြောသည်။
"လောလောဆယ် နိုင်ငံတော်က ၂၃၀ ကေဗွီတစ်လုံး ဆောက်ထားတယ်။ ပုသိမ်ဧရိယာအတွက်ပေါ့။ ပြီးလို့ရှိရင် မအူပင်ဘက် တစ်လိုင်းဆွဲမယ်။ မအူပင် ဘက်မှာလည်း နိုင်ငံတော်ကနေပြီး ၂၃၀ ကေဗွီတစ်လိုင်းဆွဲမယ်။ အဲဒါလော လောဆယ် နိုင်ငံတော် အစီအစဉ်ပေါ့။ ပြီးရင် PTTEP ကုမ္ပဏီက M3 ဆိုတဲ့ ကမ်းလွန်မှာ သဘာဝဓာတ်ငွေ့စီးပွား ဖြစ် တွေ့ထားတယ်။ အဲဒါနဲ့ ပုသိမ် ဧရိယာကို ပိုက်လိုင်းတင်မယ်။ တင်ပြီးရင် ပုသိမ်ဧရိယာလောက်မှာ ဖြစ်ဖြစ်၊ သင့်တော်တဲ့နေရာမှာ ဓာတ်ငွေ့ တာဘိုင် တင်မယ်။ တာဘိုင်တင်ပြီးရင် အဲဒီနေရာ ကနေပြီးတော့ စက်မှုဇုန်တွေကို လုံလောက်အောင်ပေးမယ်။ ပြီးရင် ပိုရင် လျှံရင် မြို့ရွာတွေပေးမှာ ပေါ့လို့ စီမံထား တယ်"ဟု ဦးသိန်းအောင်ကပြောသည်။
ဓာတ်ငွေ့တာဘိုင်များမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို ဧရာဝတီ တိုင်းဒေသကြီးမှ ရာနှုန်းပြည့်ရရှိမည်ဖြစ်သည်ဟုဆိုသည်။
"ဓာတ်ငွေ့ကရတဲ့ လျှပ်စစ်ကို ဧရာဝတီတိုင်းဒေသကြီးအတွက် ၁၀၀ ရာခိုင်နှုန်းပေးမှာပါ။ ပိုမှသာ သူများပေးမှာပါ"ဟု ဦးသိန်းအောင် က ပြောသည်။ ဈေးနှုန်းများမှာမူ နိုင်ငံ တကာဈေးနှုန်းအတိုင်း ဖြစ်မည်ဟု သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့