Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 26 May 2012

ကဗျာတပုဒ် ရဲ့တန်ဖိုး

ကဗျာဆိုတာ………
ကဗျာဆရာ ရဲ့ အတွေး
ကဗျာဆရာ ရဲ့ ခံစားချက်
ကဗျာဆရာ ရဲ့ မျှော်လင့်ချက်
ကဗျာဆရာ ရဲ့ နှလုံးသွေး…………..ပါ

“ အတွေး ” တစ်ခုရဖို့…
စဉ်းစားဆက်စပ်……
စကားလုံးအများ တော်ရာသုံးလို့..
အတွေးများစွာ စာစီကုံးတယ်…….။

“ ခံစားချက် ” တစ်ခုရဖို့…….
ကိုယ်တိုင်လဲ ခံစားတယ်…
အငှားလဲ ခံစားမယ်…
ဒါပေမယ့်…….. “ နှလုံးသား ” တော့ ရင်းရတယ်……..။

“ မျှော်လင့်ချက် ” အတွက်
မဖြစ်နိုင်တာကို မျှော်လင့်မလား???
ဖြစ်သင့်တာကို မျှော်လင့်မလား??
မျှော်လင့်ပြီ ဆိုကတည်းက “နာကျင်မှု ” တစ်ခု ရင်းရတယ်..။

ကဗျာတွေမှာ….အသက်ရှိတယ်တဲ့…
ဟုတ်မှာပေါ့….
ကဗျာဆရာ ရဲ့ နှလုံးသွေးတွေ
လည်ပတ်ရှင်သန် …စီးဆင်း..
သူ အသက်ရှင်တယ်……..။

ခံစားချက်မပါတဲ့ ကဗျာမှာ……
အသက်ဝင်တယ်ဆိုတာ……..ဖြစ်နိုင်ပါ့မလား?

ကဗျာရေးသူ က ရေးလို့….
ကဗျာဖတ်သူ က ခံစား…
အပျော် ဆို ပျော်
အလွမ်း ဆို ငို
စာလုံးလေးတွေ အပေါ်မှာ ခံစားလို့….
ကဗျာဖတ်သူ ရင်မှာ …
ထပ်တူခံစား…
ကဗျာတစ်ပုဒ် အသက်ဝင်တယ်…….။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့