Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 9 May 2013

တန်ပါတယ်....ချစ်သူရယ်


မျက်စိကိုမှိတ်အမှောင်ရိပ်မှာ
ပေါ်လာခဲ့တာကဗျာတွေပါနော်
ကဗျာထဲမှာလည်း မင်းမျက်နှာဘဲ
ပေါ်နေမြဲပါချစ်သူ.....ရယ်။
နားများကိုပိတ်တိတ်တဆိတ်မှာ
ကြားနေရတာကဗျာတွေပါနော်
ကဗျာသံတွေကြားမင်းအသံများ
ကြားနေမြဲပါချစ်သူ...ရယ်။
အဝေးကြီးကမင်းကို
အဝေးကြီးကငါက
နေ.နေ.ညညမတွေ့ရလည်း
သတိရမြဲတမ်းတမြဲ
လွမ်းနေရဆဲဆိုရင်
ချစ်နေချင်သေးတာ
သေချာပါတယ်ချစ်သူ.....ရယ်။
မှတ်မှတ်ရရ တိတိကျကျ
မနမ်းရဘူးပေမည့်
အလွမ်းတွေတစစ
တသသဖြစ်နေမှတော့
ကိုယ့်ဘ၀ကိုယ့်အပြစ်
ကိုယ်ဖြစ်ကိုယ်ခံ
ကိုယ်ချစ်နေရတာ
တန်ပါတယ်ချစ်သူ...ရယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့