Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 9 May 2013

အောင်မြင်မှု့ ဆိုတာ

မျှော်လင့်ချက် တခုထားရှိပြီး
လုပ်ကြည့်တဲ့ အခါ  မဖြစ်လာခဲ့ရင်
သူငယ်ချင်းတို့  စိတ်ညစ်မိမှာ အမှန်ပဲ

မည်သို့ သော် မျှော်လင့်ချက်မျိုး ထားရှိပါစေ
မိမိနှင့် သင့်တော် မသင့်တော် ဆိုတာကို သေချာစွာ စဉ်စား
ဆုံးဖြတ်တက်ဖို့  လိုအပ်ပါမယ်

မိမိနှင့် သက်ဆိုင်မှု့ ရှိတဲ့ အရာများအားလုံးကို
ဂရုတစိုက် သေချာစွာ မျှော်လင့်မိပါက

မဖြစ်လာခဲ့လျှင့် သူငယ်ချင်းတို့ စိတ်ညစ်မိမှာပဲလေး
စိတ်ညစ်တယ်ဆိုတာမျိုးက ကြိုတင်ပြီး သိရှိထားသည် အရာမျိုး
မဟုတ်လေတော့ စိတ်ညစ်ခြင်းတွေ မသိမသာ ရောက်ရှိလာတဲ့ အခါမျိုးမှာ
ခံနိုင်ရည် ရှိလာ စေဖို့  မည်သို့  နေထိုင်သင့်သနည်း

တနေ့ သော် အချိန်မှာ သူငယ်ချင်းဟာ ကိစ္စတခုလုပ်ဖို့  စဉ်စားနေခိုက်
မိမိရဲ့ ရွှေမျိုးတဦးဖြစ်ဖြစ် သူငယ်ချင်းဖြစ်ဖြစ် မိမိချစ်သူဖြစ်ဖြစ်
ရင်ဖွင့်လိုက်ရရင်  အဲ့ဒီကိစ္စတခုဟာ မအောင်မြင်သေးရင်တောင်
အကြံဥာဏ်ကောင်းတခုတော့ ထွက်ပေါ်လာပေမည်

မိမိ တယောက်ထဲ လုပ်ဆောင်ရန်မသင့်တော်တဲ့ ကိစ္စမျိုးများအား
တဦးတယောက်ကို ရင်ဖွင့်ဆွေးနွေးလိုက်လျှင့် သင့်တော်မည်
အဖြေမျိုးထွက်ရှိလာပေမည်

ဘယ်အရာကိုပဲ လုပ်သည် ဖြစ်ပါစေ
မိမိလုပ်ဆောင်နေသော် အရာဝတ္ထု တခုကို စိတ်ပါဝင်စားစွာ လုပ်ဆောင်ခြင်းဖြင့် မိမိရဲ့ ကိစ္စများ အောင်မြင်ဖို့  ရှေ့ဆောင်လမ်းပြတဦး ရရှိလာ သကဲ့သို့   စိတ်ရဲ့ ချမ်းမြေ့ဖွယ်ရာ ပီတိများ ခံစားနိုင်ပေမည်

ဘယ်အရာမဆို မလုပ်ကြည့်သေးပဲ စဉ်စားယုံနဲ့  အရမ်း ခက်ခဲ တယ်လို့  ဆိုတက်ကြပေမဲ့ လုပ်ဆောင်ကြည့်တဲ့ အခါမျိုးမှာ ငါလုပ်နိုင်တယ် ငါဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ဝင်ရောက်လာပြီး အောင်မြင်ဖို့ လမ်းစကို စတင်တွေ့ ရှိလာပေသည်

တချို့ သော် လူတွေက မလုပ်ရသေးဘူး ငါနဲ့  မဖြစ်နိုင်ဘူး
ငါမလုပ်နိုင်ဘူးဆိုတဲ့ ခက်ညံ့ညံ့ စိတ်ဓာတ်တွေ ဝင်ရောက် နှောက်ယှက်နေပြီး
မလုပ်ကြည့်ပဲ မိမိရဲ့ ဘဝကို နွံ့ နှစ်ခံခါ ဘဝကို လွယ်လွယ်လေး အဆုံးသတ်ခါ အောင်မြင်မှု့ ကို  လက်လွတ်ဆုံးရှုံး ခံတက်ကြပါတယ်

ဘယ်အလုပ်ကို မဆို မလုပ်ကြည့်သေးပဲ
မဖြစ်နိုင်ဘူး မလုပ်နိုင်ဘူး ဆိုတဲ့ အတွေးမျိုးကို တွေးနေမဲ့ အစား လက်တွေ့ ကျကျ လုပ်ကြည့်ပြီး အောင်မြင်မှု့ ပန်းတိုင် ကို လျှောက်လမ်းကြစို့ လာဗျာ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့