Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ယာဉ်မောင်း လိုင်စင်များ သက်တမ်းတိုးမှုအား နယ်လှည့် ဆောင်ရွက် ပေးသွားမည်


ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေန့ မော်တော်ယာဉ်၊ ဆိုင်ကယ်နဲ့ ယာဉ်မောင်း လိုင်စင်များ သက်တမ်း
တိုးမှုကို နယ်လှည့် ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆောင်ရွက်ပေး ရာမှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုကို ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။
 
ဒီလို ဆောင်ရွက်ရာမှာ နေပြည်တော်ရှိ လယ်ဝေးဒေသ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဥက္ကံနဲ့ ဒလ၊ မန္တလေးတိုင်း ဒေသကြီးရှိ စဥ့်ကူး၊ သာစည်၊ ညောင်ဦးနဲ့ တံတားဦး ဒေသများ ရှမ်းပြည်နယ်ရှိ လဲချား၊ သီပေါ၊ မိုင်းဖြတ်နဲ့ မိုင်းယောင်း ဒေသများ၊ ကချင်ပြည်နယ်ရှိ ချီဖွေ၊ ဆော့လော်၊ ရွှေကူနဲ့ ဟိုပင်၊ ကရင်ပြည်နယ် လှိုင်းဘွဲ့အစရှိတဲ့ မြို့နယ်တွေမှာ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်း ဒေသကြီးရှိ အရာတော်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး၊ ခင်ဦး၊ တမူး၊ ပဲခူးတိုင်း ဒေသကြီးရှိ ပေါင်းတည်၊ ကြို့ပင်ကောက်၊ မကွေးတိုင်း ဒေသကြီးရှိ ချောက်၊ ဂန့်ဂေါ၊ ထီးလင်း၊ ငဖဲ၊ မွန်ပြည်နယ်ရှိ မုဒုံ၊ ပေါင်၊ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ဧရာဝတီတိုင်း ဒေသကြီးရှိ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ဇလွန် အစရှိတဲ့ မြို့နယ် တွေမှာ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်ပေးမှု ကိုတော့ လာမယ့် ဇွန်လ အတွင်း အဆိုပါ မြို့နယ်တွေမှာ ကွင်းဆင်း ဆောင်ရွက်ပေး သွားမှာဖြစ်ပြီး ဆောင်ရွက် လိုတဲ့သူတွေ အနေနဲ့ ကြိုတင် ပြင်ဆင်နိုင်ဖို့ အသိပေး နှိုးဆော် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
 
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့