Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၅ ခုအား လုပ်ငန်း လိုင်စင်များ ပေးအပ်


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့မှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ များကို မေလ ၂၅ ရက်နေ့က မြန်မာ့ အာမခံ လုပ်ငန်း
ရုံးချုပ် အစည်းအဝေး ခန်းမမှာ ပထမအကြိမ် အဖြစ် လုပ်ငန်း လိုင်စင်ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် လုပ်ငန်း လိုင်စင်ကို ပထမ အကြိမ်အဖြစ် အာမခံ ကုမ္ပဏီ ၅ ခုကို ပေးအပ်ခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၇ ခုကိုတော့ ဒုတိယ အကြိမ်အဖြစ် လုပ်ငန်း လိုင်စင်ပေး နိုင်ဖို့ ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။

လက်ရှိ လုပ်ငန်း လိုင်စင် ပေးအပ် လိုက်တဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၅ ခုကတော့ IKBZ Insurence Co.Ltd ၊ ဂရမ်းဂါးဒီးရန့် Insurence Public ကုမ္ပဏီ လီမိတက်၊ အောင်သစ္စာဦး အာမခံ ကုမ္ပဏီ လီမိတက်၊ နိုင်ငံသား စီးပွားရေး အများပိုင် လီမိတက်နဲ့ အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီ လီမိတက် တို့ပဲ ဖြစ်ပါ တယ်။

ဒါ့အပြင် ဇွန် ၃၀ ရက် မတိုင်ခင်မှာ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ အားလုံးကို လုပ်ငန်း လိုင်စင်ပေး အပ်သွားမှာ ဖြစ်ပြီး ပုဂ္ဂလိက အာမခံ ကုမ္ပဏီဖွင့်ပွဲ တွေလည်း ပြုလုပ်ပြီးအောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုအနက် ကုမ္ပဏီ ၉ ခုက အထွေထွေ အာမခံ လုပ်ငန်းကို ပြုလုပ်မှာ ဖြစ်ပြီး ကုမ္ပဏီ ၃ ခုက အသက်အာမခံ လုပ်ငန်းကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့