Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ဆီးရီးယားအရေးညီလာခံကို အာရပ်အဖွဲ့ချုပ်မှ ထောက်ခံပေးမည်


ဆွဇ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ လာမယ့်လအတွင်း ကျင်းပပြုလုပ်သွားမယ့် ဆီးရီးယားအရေး ညီလာခံဖြစ်မြောက် အောင်မြင်စေဖို့
အာရပ်စော်ဘွားအဖွဲ့ချုပ်မှ ထောက်ခံပေးသွား မှာဖြစ်ကြောင်း သိရပါတယ်။ ဂျနီဗာမြို့မှာ ကျင်းပသွားမယ့် ဆီးရီးယားအရေး ညီလာခံကို ဖြစ်မြောက်စေဖို့ကိုတော့ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ညီလာခံနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်မှ ကိုယ်စားလှယ်တွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အရေးပေါ် စည်းဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး ကြေညာချက် စာစောင်တစ်ခုမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အာရပ်စော်ဘွားအဖွဲ့မှ ကိုယ်စားလှယ်တွေဟာ  ကြေညာချက် စာစောင်အတွင်းမှာ ပါဝင်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပေမယ့် အဆိုပါ ကြေညာချက်စာစောင်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်သွင်းသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံကတော့ အဆိုပါ ညီလာခံအတွင်း ဆီးရီးယားသမ္မတ ဘာရှာအယ်ဆာဆက်ရဲ့ အစိုးရအဖွဲ့နဲ့ အတိုက်အခံအဖွဲ့တွေ အတူတကွ တက်ရောက်ဖို့ ရည်မှန်းထားပါတယ်။

အာရပ်စော်ဘွား နိုင်ငံတွေ အတွင်းမှာ အာဆက်အစိုးရကို ထောက်ခံသူအဖွဲ့နဲ့ အတိုက်အခံအဖွဲ့ကို ထောက်ခံသူ အဖွဲ့ဆိုပြီး ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် အချို့အာရပ်စော်ဘွားနိုင်ငံတွေဟာ ဆီးရီးယားပဋိပက်္ခတွေ ဆက်လက်ပျံ့နှံ့လာမှာကို စိုးရိမ်ပူပန် လျက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဆီရီးယားသမ္မတ အာဆက်နဲ့ အစိုးရကို နှုတ်ထွက်ပေးဖို့ ဖိအားပေး လုပ်ဆောင်နေတဲ့အတွက် ကျင်းပသွားမယ့် အဆိုပါ ညီလာခံဟာ ငြိမ်းချမ်းရေး လမ်းကြောင်းကို ရောက်ရှိဖို့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့