Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

အနိုင်ရရှိခဲ့သည့် မန်စီးတီးအသင်း



ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ရာသီအကြို ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြောင်းကို 
သိရပါတယ်။ အဆိုပါအသင်းနှစ်သင်းဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံ ဘေ့စ်ဘောကွင်းဖြစ်တဲ့ ဘက်ချက်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ချဲလ်ဆီးအသင်းကို ၃-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူး ဒမ်ဘာဘ၊ ကွင်းလယ်ကစားသမား အော်စကာ၊ နောက်ခံကစားသမား အဇက်ပလီကျူတာ တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးများကို ဂါစီယာ၊ တိုက်စစ်မှူး ဂျက်ကို က ၂ ဂိုး ဆက်တိုက်သွင်းယူခဲ့ပြီး အနိုင်ဂိုးကိုတော့ နောက်တန်းကစားသမား မီကာရစ်ချက် က သွင်းယူပေးခဲ့ပါတယ်။
 
ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ မန်စီးတီးအသင်းက ချဲလ်ဆီးအသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ပြီးဆုံးခဲ့ပြီး ပထမဆုံးခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ကာ ပွဲဦးထွက်မှာတော့ နည်းပြ ဘရန်ဒန်ကစ် ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းက အခုလိုအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာအသင်းနည်းပြအဖြစ် မာလာဂါအသင်း နည်းပြ ပယ်လီဂရီနီ ကိုင်တွယ်မှာဖြစ်ပြီး ဘရန်ဒန်ကစ် က ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့