Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ပြိုင်ပွဲဝင်ခွင့်ပုံစံ ပြောင်းလဲမည့် ယူအီးအက်ဖ်အေ



ဥရောပဘောလုံးအဖွဲ့ချုပ်ယူအီးအက်ဖ်အေဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ခွင့်နေရာအတွက်ကို စည်းမျဉ်းသစ်များချမှတ်ခဲ့ကြောင်း 
သိရှိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းဟာ လာမယ့် ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက စတင်ပြီး ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေအနေနဲ့ အဆိုပါစည်းမျဉ်းကို လာမယ့် ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ စတင်အသုံးပြုသွားမှာ ဖြစ်တာကြောင့် အဆိုပါရာသီကစတင်ပြီး ယူရိုပါလိဂ်ဖလား ရရှိမယ့်အသင်းဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
 
ဒါကြောင့် ဥရောပချန်ပီယံလိဂ်ဝင်ခွင့် အဆင့်သတ်မှတ်ထားခဲ့တဲ့ အဆင့်ရပ်တည်မှုကို ကျော်လွန်ပြီး ရပ်တည်ခဲ့တဲ့အသင်းများအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပါက ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ဟာ တစ်နေရာစာ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေအနေနဲ့ အဆိုပါစည်းမျဉ်းများကို ထုတ်ပြန်ခဲ့သလို လူမျိုးရေးခွဲခြားတဲ့ ကစားသမားများကိုလည်း ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်ဖို့အတွက် စည်းမျဉ်းသစ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အက်ဖ်အေဟာ လူမျိုးရေးခွဲခြားတဲ့ ကစားသမားများကို ၅ ပွဲပယ် ပြစ်ဒဏ်သာ ချမှတ်သွားဖို့ စီစဉ်ခဲ့ပေမယ့် ယူအီးအက်ဖ်အေကတော့ အဆိုပါကိစ္စကို ဆန့်ကျင်ပြီး ၁၀ ပွဲပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့