Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ဟီဂူရင် ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည့် ဂျူဗင်တပ်



စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဟီဂူရင် ကို အပြီးသတ်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း 
သိရပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ ဟီဂူရင် ကို အစောပိုင်းက ခေါ်ယူရန် စောင့်ကြည်နေပြီး လက်ရှိအချိန်မှာ အပြီးသတ်ခေါ် ယူနိုင်တော့မှာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ ဟီဂူရင် ကို အပြီးသတ် စာချုပ်ချုပ်ဆိုင်နိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများနဲ့ ဆွေးနွေးနေပြီဖြစ်ကြောင်း စာချုပ်ကိစ္စကို အလျင်အမြန် အဆုံးသတ်ရန် စီစဉ်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟီဂူရင် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၃၀ ခန့် အလိုရှိနေတာဖြစ်ပြီး ဂျူဗင်တပ်အသင်းတာဝန်ရှိသူများက  ပြောင်းရွှေ့ကြေးအဖြစ်ပေါင် ၂၅ သန်းသာ ပေးချေဖို စီစဉ်နေတာဖြစ်ပါတယ်။
 
ဒါကြောင့် ပြောင်းရွှေ့ကြေးကိစ္စကို အလျင်အမြန်အဆုံးသတ်နိုင်မှ စာချုပ်အမြန်ချုပ်ဆိုဖိုစီစဉ်နိုင်မှာ ဖြစ်ပါတယ်။ ဟီဂူရင် ဟာ ရီရဲလ်မက်ဒရစ်အသင်းမှာ အလှည့်ကျကစားပုံနဲ့ ပွဲထွက်ခွင့်ရရှိနေခဲ့သော်လည်း ပိုမိုထွက်ခွင့်ရရှိစေရန်အတွက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖိုအတွက် စီစဉ်နေတာဖြစ်ကြောင်း သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့