Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

၎ လခန့် အနားယူရမည့် ကာရိုးလ်



ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး အန်ဒီ ကာရိုးလ် ဟာ ခြေဖနောင့်ဒဏ်ရာကြောင့် ၄ လခန့် အနားယူရတော့မှာဖြစ်တယ်လို့ 
သိရပါတယ်။ ကာရိုးလ် ဟာ ပရီးမီးယားလိဂ်ရဲ့ ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ၀က်စ်ဟမ်းအသင်းနဲ့ ရတ်ဒင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ခြေဖနောင့်ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။  ကာရိုးလ် အနေနဲ့ အဆိုပါဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီး ၄ လခန့် အနားယူရမှာဖြစ်တဲ့အတွက် လာမယ့်ပရီးမီးယားလိဂ်ရာသီအစ ပွဲစဉ်များကို လွဲချော်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ကာရိုးလ် ဟာ အင်္ဂလန်အသင်း လက်ရွေးစင်အသင်းနဲ့အတူ အိုင်ယာလန်၊ ဘရာဇီးအသင်းတို့နဲ့ ချစ်ကြည်ရေးခြေစမ်းကစားမယ့် ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။
 
အဆိုပါကစားသမားဟာ ၀က်စ်ဟမ်းအသင်းမှာ ခြေစွမ်းပြကစားနိုင်တာကြောင့် အင်္ဂလန်အသင်း နည်းပြ ရွိုင်းဟော့ဆန် က ခြေစမ်းပွဲကစားမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ ပြီးခဲ့တဲ့နှစ်ပတ် ကတည်းက ရွေးချယ်ခဲ့ပေမယ် ဒဏ်ရာကြောင့် လက်ရှိအချိန်မှာ အင်္ဂလန် လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ကာရိုးလ် ဟာ အဆိုပါ ဒဏ်ရာကို အမြန်ဆုံး ပျောက်ကင်းအောင် ကုသမှုခံယူနေပေမယ့် အနည်ဆုံး ၆ ပတ်ခန့် အနားယူရမှာ ဖြစ်ပါတယ်။ ကာရိုးလ် အနေနဲ့ဝက်စ်ဟမ်းအသင်းကို ယခုနှစ်ရာသီအစမှာ လီဗာပူးလ်အသင်းကနေ အငှားဖြင့် လာရောက်ကစားနေပေမယ့် ခြေစွမ်းပြကစားနိုင်တာကြောင့် ၀က်စ်ဟမ်းအသင်းရဲ့ နည်းပြ ဆမ်အလာဒွိုက်စ် က အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကာရိုးလ် ဟာ လီဗာပူးလ် အသင်းကို နယူးကာဆယ်အသင်းကနေ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလက ပြောင်းရွှေ့ကြေး ပေါင် ၃၅  သန်းနဲ့ပြောင်းရွှေ့လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ ၀က်စ်အသင်းက ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းနဲ့ လီဗာပူးလ်အသင်းကနေ တိုက်စစ်မှူး ကာရိုးလ် ကို ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့