Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

တရုတ်အမျိုးသား အနုပညာ ပြတိုက်၏ နှစ် ၅၀ပြည့် အခမ်းအနားကျင်းပခဲ့


တရုတ်အမျိုးသား အနုပညာတိုက်ရဲ့ နှစ် ၅၀ပြည့် အခမ်းအနားကို ပေကျင်းမြို့မှာ ကျင်းပပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားကို ယခုလ ၁၈ရက်နေ့ ကစတင်ကျင်းပခဲ့ပြီး ဇူလိုင်လ ၈ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခမ်းအနားအတွင်း တရုတ်ရိုးရာပန်းချီကား၊ ဆီဆေးပန်းချီ၊ သတ္တုပြားပေါ်မှာ ရုပ်ပုံတွင်းထုထားတဲ့ ရှေးဟောင်း လက်ရာပန်းကန်ပြားနဲ့ ပန်းပု လက်ရာတွေကို ခင်းကျင်းပြသထားပါတယ်။

ဒါ့အပြင် တရုတ် အနုပညာရှင်တွေရဲ့ ရှားပါးတဲ့ နာမည်ကျော် လက်ရာတွေကို စုစည်းပြသခဲ့ပါတယ်။ အဆိုပါ ပြတိုက်ဟာ တရုတ်အစိုးရသစ်ရဲ့ ထိန်းသိမ်း စောင့်ရှောက်ရမယ့် အဆောက်အဦ ၁၀ခုထဲက တစ်ခုအပါအ၀င် ဖြစ်ပြီး ၂၀ရာစု ပေကျင်းမြို့ရဲ့ ပြယုဂ်လက္ခဏာ အဆောက်အဦတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအဆောက်အဦကို ၁၉၅၈ခုနှစ်က တရုတ် ဗိသုကာပညာရှင် Dai Nianci က ဒီဇိုင်းရေးဆွဲပြီးနောက် ထပ်မံတိုးချဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ 

ပြတိုက်အတွင်း ယခင်က ယဉ်ကျေးမှု လက်ရာပစ္စည်း ၄၀၀၀ခန့်သာရှိခဲ့ပေမယ့် အခုအခါမှာတော့ လက်ရာပစ္စည်း တစ်သိန်းကျော်ခန့် ရှိသွားပြီ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်မှာ စတင်ပြီး ပြည်သူလူထု အတွက် ပြတိုက်ကို အခမဲ့ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ပခရီးသွား ဧည့်သည် သန်းပေါင်းများစွာ လာရောက်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပြတိုက်ဟာ တရုတ်ယဉ်ကျေးမှု အနုပညာနဲ့ ပညာရေးတက္ကသိုလ် မရှိမဖြစ်အရေးပါတဲ့ ပြတိုက်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့