Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

စီပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပူးပေါင်းသွားရန် စင်္ကာပူနှင့်ဂျပန် သဘောတူညီခဲ့


ဂျပန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံတို့ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍတွေမှာ ပိုမိုပူးပေါင်း လုပ်ဆောင်သွားကြဖို့ သဘောတူညီခဲ့တယ်လို့
သိရပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ စင်္ကာပူဝန်ကြီးချုပ်  Lee Hsien Loong တို့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေမှာ အပြန်အလှန် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။  

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက နိုင်ငံရဲ့ ပုဂ်္ဂလိကရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေကို တွန်းအားပေး လုပ်ဆောင်သွားရန် ရည်ရွယ်ထားတဲ့ စီမံချက်နဲ့ပတ်သက် ပြီးရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ဇူလိုင်လမှာ ကျင်းပပြု လုပ်သွားမယ့် ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး ဆွေးနွေးပွဲ TPP အတွင်း ဂျပန်နိုင်ငံရဲ့ ပါဝင်မှုအပေါ် ထောက်ခံအားပေးရန် တောင်းဆိုခဲ့ပါတယ်။

စင်္ကာပူဝန်ကြီးချုပ်လီ ကလည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဟာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင် ဆောင်ရွက်နေသူတွေအတွက် အကျိုးဖြစ်ထွန်းစေဖို့ ရည်မှန်း ထားကြောင်း ၊ စင်္ကာပူနိုင်ငံအနေနဲ့ ဂျပန်နိုင်ငံကို TPP အဖွဲ့ဝင်အနေနဲ့လည်း လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ဂျပန်နိုင်ငံဟာ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး လုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့