Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ဂျပန်သို့ ထိုင်းဝန်ကြီးချုပ် ရောက်ရှိ


ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ဟာ ဂျပန်နိုင်ငံကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း
ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် က နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အပါအ၀င်၊ ၁၉ကြိမ်မြောက် Future of Asia ညီလာခံကိုပါ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ၄ရက်ကြာ သွားရောက်မယ့် ၀န်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အိမ်ရှေ့မင်းသား Naruhito  တို့နဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။

Future of Asia  ညီလာခံအတွင်း ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် က အနာဂတ်အာရှတိုက်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့စပ်လျဉ်းတဲ့ မိန့်ခွန်းကိုပြောကြားသွားမှာ ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်သလို ထိုင်းနိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ စီးပွားဖက် မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်နေမှုကို ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံသူတွေ ပိုမိုယုံကြည်လာအောင်လည်း ထိုင်းဝန်ကြီးချုပ်က ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၁၉ကြိမ်မြောက် Future of Asia ညီလာခံကို ဒီကနေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး အဲ့ဒီညီလာခံကို အာရှတိုက်မှ အစိုးရအဖွဲ့ဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ Future of Asia ညီလာခံဟာ နှစ်စဉ်ကျင်းပမြဲ ညီလာခံ တစ်ရပ် ဖြစ်ပြီး၊ အာရှဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးအတွက် ကျင်းပပြုလုပ်တာ ဖြစ်ကြောင်း သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့