Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

အယ်လ်ဘမ်သစ် ထုတ်လုပ်ရန် အတွက် Paris Hilton နှင့် စာချုပ် ချုပ်ဆိုခဲ့သည့် Lil Wayne


Paris Hilton သည် မကြာမီ ထုတ်လုပ် ဖြန့်ချိရန် စီစဉ်ထားသည့် သူမ၏ တေးအယ်လ်ဘမ်သစ် အတွက် အဆိုတော် Lil Wayne နှင့်
ယမန်နေ့က စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

Lil Wayne ၏ Cash Money Family အတွက် အဖွဲ့ဝင်သစ် ဖြစ်သည့် Paris Hilton " Rich Gang Rich Girl " အား ကြိုဆိုကြောင်း Lil Wayne ၏ တွစ်တာ စာမျက်နှာပေါ်တွင် တရားဝင် ရေးသားထားသည်။ House Music ပုံစံ ဖန်တီးထားသည့် Hilton ၏ တေးသီချင်း အယ်လ်ဘမ်သစ် အတွက် နာမည်ကျော် ဒီဂျေ ပညာရှင်များနှင့် ပူးပေါင်းကာ ကာလအတန်ကြာ အချိန်ယူကာ လေ့လာ ဖန်တီးနေကြောင်း ၊ အဆိုပါ တေးအယ်လ်ဘမ်သစ်တွင် ကမ္ဘာကျော် အဆိုတော် Lil Wayne ကလည်း Featuring ကူညီ ပါဝင်သီဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Source: TMZ.com


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့