Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 May 2013

အလုပ်သမား အဖွဲ့အစည်းတွင် အဖွဲ့ ၅၀၀ ကျော်အား အသိအမှတ်ပြုပြီးဖြစ်


အလုပ်သမား အဖွဲ့အစည်း ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီးခဲ့ တာဟာ ၁ နှစ်ကျော်ရှိပြီး ဖြစ်တယ်လို့ ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အလုပ်သမား အဖွဲ့အစည်း
ခေါင်းဆောင်များ ဖိုရမ်မှ သိရှိရပါတယ်။ ဖွဲ့စည်းခဲ့တဲ့ အလုပ်သမား အဖွဲ့အစည်းများ အနေနဲ့ ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၅၂၃ ဖွဲ့ကို အသိအမှတ်ပြု ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဖွဲ့စည်းဖို့ အတွက် ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ အတွင်းမှာ စတင် အသိအမှတ် ပြုပေးခဲ့တာ ဖြစ်တယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အခုလို ဖွဲ့စည်းရာ မှာလည်း ပြဋ္ဌာန်း ထားတဲ့ ဥပဒေ အလိုက် အလုပ်သမား/အလုပ်ရှင် အဖွဲ့များကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်သားများ အရေးကိစ္စများ ဖြေရှင်းနိုင်ဖို့ အတွက် အလုပ်သမား ရေးရာ ဆက်ဆံရေး ဦးစီးဌာန ကိုလည်း ထားရှိပြီး ဖြစ်တယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့