Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 May 2013

ဓာတ်အားပေး စက်ရုံစီမံကိန်း ၂ ခုကို နှစ်ရှည် စီမံကိန်း အဖြစ် ဆောင်ရွက် သွားမည်


ပြည်တွင်းရဲ့ ဓာတ်အား လိုအပ်ချက်များ အရ ယခု လက်ရှိမှာ ရေတို စီမံကိန်း များနဲ့ ဓာတ်အားပေး စက်ရုံ စီမံကိန်း ၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်
လျက်ရှိပါတယ်။ ဒါ့အပြင် ရေရှည် စီမံကိန်း အနေနဲ့ ဓာတ်အားပေး စက်ရုံ စီမံကိန်း ၂ ခုကိုလည်း ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက် သွားဖို့ ရှိတယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ရေရှည် စီမံကိန်းများ အနေနဲ့ လှော်ကား ဓာတ်အားပေး စက်ရုံအနီးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Hydrolancany ကုမ္ပဏီနဲ့  လျှပ်စစ် ဓာတ်အား ၅၃၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်တဲ့ Combined Cycle Power Plant ကို ပူးပေါင်း တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သာကေတ ဓာတ်အားပေး စက်ရုံအနီး မှာလည်း ကိုရီးယား သမ္မတနိုင်ငံ BKB ကုမ္ပဏီနဲ့ လျှပ်စစ် ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ Combined Cycle Power Plant ကိုလည်း တည်ဆောက်မှာ ဖြစ်ပါတယ်။

အဲ့ဒီ စီမံကိန်း ၂ ခု ကိုတော့ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အပြီးတည်ဆောက် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ လက်ရှိ ဓာတ်အားပေး စက်ရုံ ၄ ရုံမှ လျှပ်စစ် ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ် ပေးနေတာ ဖြစ်ပြီး နောက်ပိုင်းမှာ ယခုလက်ရှိ ဆောင်ရွက် လျက်ရှိတဲ့ ရေတို ဓာတ်အားပေး စက်ရုံ စီမံကိန်းများမှ လျှပ်စစ် ဓာတ်အား ၅၁၀ မဂ္ဂါဝပ် တိုးမြှင့် ထုတ်လုပ် နိုင်တော့မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့