Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

အိမ်အပြန်လမ်း


မိုးတွေသဲသဲရွာနေသည် ၊၊ ပါလာတဲ့ ထီးစုတ်တချောင်း နဲ့ သဲကြိုး ပြတ်လုလု ရာဘာ ဖိနပ်လေး ကို ခြေကုတ်ယူပြီး လေထန်ထဲ မှာ ကျွန်တော် ပြန်ခဲ့သည် ၊၊
တဖြည်းဖြည်းနဲ့  အိမ်နားနီးလေ ခြိုင့်ခွက်ဗွက်တွေပေါ်လေ မိုးလေတွေ ကြား ထီးနဲ့ ဖိနပ် ဟန်ချက်ညီအောင် ကျွန်တော် လျှောက်ခဲ့သည် ၊၊
ခြံတခြံ အ၀ အမျိုးသမီးတဦး ဆယ်နှစ်သား ကလေးကို လက်မှာဆွဲပြီး ဟိုးအဝေးဆီ မျှော်ငေးနေသည်၊သူတို့ ရဲ့ အိမ်ဦးနတ်ရှင် ယောကျာင်္း ပြန်ချိန်ကို မျှော်နေပုံပေါ်သည်၊၊ သြော်…မိုးထဲ လေထဲ နွေးထွေး လှတဲ့ မိသားစု မေတ္တာမြင်ကွင်း ၊၊
ဟော..တွေ့ ပြီး ယိုင်နဲ့ နဲ့  ဓနိမိုး ကျွန်တော့် အိမ်။ ခြံတခါးအဖွင့် လက်တဖက်အမြောက် ဟန်ချက်မှောက် ၍ မြောင်းပေါက် ခြေထောက် ကြွန်ကျပြီ ။ အနှစ်နှစ်အလလ ခိုအောင်းနေတဲ့ မြောင်းပုတ်တွေနဲ့  ကျွန်တော့် ခြေထောက် ။
ထီးကိုလည်ပင်းမှာညှပ် အိမ်သော့ကိုဖွင့် အိမ်တခါးကိုတွန်း လိုက်မိ ။ ဆီခြောက်နေတဲ့ ကျယ်လောင်လှတဲ့ ပတ္တာဟောင်း အသံ မိုးလေ နဲ့ အတူ ။
ခြေပစ်လက်ပစ် ကြမ်းပေါ် ထိုင်မိ ။ခြောက်သွေ့ တဲ့အာခေါင် ပူလောင်တဲ့ခံတွင်း ငြိမ်းအေးစေ ဖို တချက်လှည့်ကြည့် သောက်ရေ အိုစဉ် ။ သောက်စရာ ရေမရှိ ။ မျက်စိတချက် လှည့်မိ အိုးမဲအပြည့် ထမင်း အိုး ထဲ ညကကျန် နေတဲ့ ထမင်းခြောက်ခဲ ။ အောက်ကို ငုံမိ ခြောက်သွေ့ နွမ်လျှနေတဲ့ ကစွန်းရွက် တစည်း ။ မော့ကြည့်မိ လိုက် အခွံမဲပြီး ပိန်လှီ နေတဲ့ ဖီးကြမ်း ငှက်ပျော်သီး ။ ဘေးဘီ ငေးမိ အလင်းရောင်ကြဲ ၀ါးထရံ ပြဲ ။
ဩော်….ငါ့ ဘ၀ အိမ်အပြန်လမ်း ဘယ်တော့များမှ နွေးထွေး ရပါ မလည်း ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့