Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

တိမ်ပြိုအောင်ရွာတဲ့မိုး'


တစ်ချိန်တုန်းက ကြင်နာသူရေ
မငိုပါနဲ့ ဆိုမှ သတိယခြင်းတွေ ရင်ထဲ တစ်ဆစ်ဆစ်တိုးဝင်လို့
မငိုပါနဲ့ ဆိုမှ ငါ့မျက်ဝန်းထဲက တိမ်တွေ ပြိုကျခဲ့
ဆွေးမနေနဲ့ ဆိုလာတော့မှ ဘယ်အချိန်ပြန်လာမလဲ မျှော်လင့်မိတယ်
တစ်ချိန်တုန်းက အပြုံးပိုင်ရှင်ရေ
ခုဆို ငါ့ရဲ့ကောင်းကင်မှာ ဘောင်ခတ်ထားတဲ့ အလွမ်းတွေတောင် ကိုယ်ရောင်ပြလို့
အပြုံးချိုချိုတွေကို ပြန်တမ်းတ တတ်နေပြီလေ
နှလုံးသားကို ဈေးကွက်မရှာနဲ့ အနားကိုသာ ပြန်လာခဲ့ပါချစ်သူ
တစ်ချိန်တုန်းက ရယ်သံချိုတွေရဲ့သခင်ရေ
နွေနေပူကို လျှောက်လှမ်းဖို့ဆိုရင် မင်းရဲ့ အပြုံးတွေလိုအပ်တယ်
တိမ်ပြိုအောင်ရွာတဲ့မိုးထဲ လှမ်းမယ်ဆို မင်းရဲ့ ရယ်သံတွေလိုအပ်တယ်
အေးခဲတဲ့ နှင်းထဲမှာ အလွမ်းတွေအံတုဖို့ မင်းအကြင်နာတွေ တကယ်လိုအပ်တယ်။
ငါ့ရဲ့ မာနတွေကို အဝေးဆုံးကိုလွှင့်ပစ်ခဲ့ပြီမို့
နှလုံးသားလေး မုန်းတိုင်း မမိခင် ပြန်လာခဲ့ပါချစ်သူ
အလွမ်းရွက်ဝါတွေနဲ့ စောင့်နေပါတယ်။
တမ်းတမ်းတတ် လွမ်းတသသဖြင့်
အလွမ်းမိုးတွေကို ကြောက်မိသူ
ခံစားချက်လေးတစ်စုံတစ်ရာဖြင့်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့