Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 12 May 2013

အလင်းမဲ့....လမင်း

တချိန်က ငါလောကကြီးကို ညတွေမှာ
အလင်းပေးနိုင်ခဲ့တာ နေမင်းရဲ့စွမ်းအင်တွေကို
ငါခံယူခဲ့လို့ပေါ့...

တကယ်လို့တချိန်ချိန်မှာငါအလင်းမပေးနိုင်တော့ရင် ငါ့အစား
ဘယ်သူပေးမှာလဲ ငါတွေးပြီး စိတ်မောမိပါရဲ့
ဟောဒီလို အပြောင်းအလဲ မြန်တဲ့ လောကကြီးကို
ငုံ့ကြည့်မိရင်း တဖြည်းဖြည်း နဲ့ ငါရွံမိလာတယ်


လူသားမဆန်တဲ့ရက်စက်မှုတွေ သတ်ဖြတ်မှုတွေ
အချင်းချင်း ခေါင်းပုံဖြတ် ဖိနှိပ်မှုတွေ ဖြစ်နိုင်ရင်
အားလုံး ကို ခဝါချ ငြိမ်းချမ်း သွားစေချင်တယ်

ဘယ်လိုလုပ်ကြမလဲ အသိခေါက်ခက် အဝင်နက်သူတွေ
ဘဝအတွက် ကြိုးစားကြရင်းနဲ့ပဲ မြင့်မားသူတွေရဲ့
အတ္တဆန်တဲ့ လောဘကြောင့် နိမ့်ပါး သူတွေမှာ
ဘဝဘဝ တွေစုတ်ပြတ် ငတ်လို့ ဘယ်သူတွေ
ကယ်တင်ပေးမှာလဲ သူတို့ဘဝတွေ ကို
ပြန်ရှာပေးချင်လို့ ကြိုးစားပေးချိန်လေး
တခဏ လေးမှာ သူတို့ဘဝတွေကို

အလင်းမဲ့ လမင်း မဖြစ်စေချင်ဘူး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့