Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 3 May 2013

ချစ်တယ်နော်....

နေ့တိုင်းညစဉ် တွေ့ နေချင်လည်း

မမြင်တွေ့ရ...ဝေးနေကြလို့

ရင်မှာစိတ်မချ မေးနေရတယ်....

မောင့်ကိုထာဝရ.......ချစ် တယ် နော်.......။

ဟုတ်တယ်လေ.......ကျနော်နဲ့ ချစ် နဲ့ ကတစ်နယ်ဆီ...မှာ

ကျနော်ကချစ်ရဲ့ရည်းစားဦး မဟုတ်သလို ချစ်ကလည်းကျနော့အချစ်ဦးမဟုတ်ပါ...

ကျနော့် အတွက်ကတော့ချစ်က အချစ်ရဆုံးသော ....ရင်ခုန်ဖက် ပါ...

ကျနော့ဘက် ကတော့အရမ်းတွယ်တာရတဲ.ချစ်သူပါ....

အရမ်းချစ်တယ်ဆိုတာပြောတာထက်ပိုပြီးနေရခက်တယ်

ကျနော်ရေးဘူးတဲ့စာလေးကိုပြန်သတိရနေတယ်

ချစ်တယ်ဆိုတာ အကြောင်းပြချက်မရှိဘူး

ချစ်လို့ချစ်သွားတာပါအချစ်ရယ်

.....ငှက်ကလေးကိုချစ်လို့ လှောင်အိမ်မှာ....ထည့်ထားတဲ့ အချစ်မျိုးလည်းမဟုတ်ဘူး..

.......ပန်းလေးကိုချစ်လို့ ခူးပြီးပန်ဆင်တဲ့အချစ်မျိုးလည်းမဟုတ်ဘူး

ရွှေငါးလေးကို သဘောကျလို့ မှန် ကန်လေးထဲမှာအလှထားမှာလည်းမဟုတ်ဘူး

ချစ်သူ ကို ချစ်သူလိုချစ်တဲ့ အချစ်မျိုးနဲ့ဘဲ ချစ်ခဲ့တာပါ.......

ချစ်သူ ကို မိဘ လို ကျွေးမွေးစောင့် ရှောက်.ချင်တယ်........

ချစ်သူ ကို ဆရာသမားလိုလေးစားတယ်အလေးထားတယ်.......

ချစ်သူ ကို သားသမီးလို ကြင်နာယုယဂရုစိုက်ချင်တယ် .......

ချစ်သူ ကို မောင်နှမ လို ရင်းနှီးတွယ်တာတယ်........

ချစ်သူ ကို VIP တစ်ယောက်လို အခွင့် ရေးတွေပေးချင်တယ်....

ပျော်ရွှင်စရာလေးတွေ ကြုံလာရင်ချစ်သူကို မျှဝေပေးချင်တယ်....

မဆင်မပြေတာတွေကို ကိုယ့်ဘာသာဖြေရှင်းနှိုင်ပါလျှက် ချစ်သူကိုတိုင်ပင်ချင်တယ်

ဖျားနာနေတဲ့အခါဆို သမားတော်တွေထက် ချစ်သူကိုပိုပြီးအားကိုးတယ်..

ထိခိုက်လို.ပွန်းပဲ့ ခဲ့ ရင် ချစ်သူက “ တော်တော် နာနေလား ”လို့မမေးမချင်းနာနေတယ်

မနက်စောစော ချစ်သူဆီကလာတဲ့“ ဂွတ်မေားနင်းပါ ” ဆိုတဲ့ မက်ဆေ့ကိုဖတ်ရတာ

ကဗျာ တွေထက် အရသာပိုတယ်...ချစ်သူဆက်လို့ မြည်လာတဲ့ဖုန်းသံလောက် သာယာ

တဲ့ ဂီတသံ မရှိဘူး လို့အခိုင်မာပြောရဲတယ်....

“ တစ်ခြားတစ်ယောက်ကိုအီ နေတာလား” လို့စွပ်စွဲလာရင်တော့

သက်သေတစ်ထောင် ခေါ်ပြီးရှင်းပြပေးတယ်..

ချစ်သူမှာတစ်ခြားတစ်ယောက် ရှိနေလား သံသယကိုဘယ်တော့ မှ ဒဲ့မမေးရဲဘူး..

“ကိုယ့် ကိုချစ်တာဟုတ်ရဲ့လား” သည်လောက်ဘဲ။ကြောက်တာလေ။

ပိုတယ်လည်း မထင်ပါနဲ့ သဲတယ် ကဲတယ်လည်းမထင်ပါနဲ့

ရေးပြဖို့ အများကြီးကျန်သေးတယ် ရေးလည်းရေးဦးမှာနော် မတားကြပါနဲ့

ခုတော.စိတ်မချ လို.မေးလိုက်ဦးမယ်......

နေ့တိုင်းညစဉ် တွေ့ နေချင်လည်း

မမြင်တွေ့ရ...ဝေးနေကြလို့

ရင်မှာစိတ်မချ မေးနေရတယ်....

မောင့် ကိုထာဝရ.......ချစ် တယ် နော်.......။

(ဆက်လက် ကြိုးစားပါဦးမည် )

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့