Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 3 May 2013

အချစ် နှင့် လက်ထပ် ခြင်း.........


ကျောင်းသားတစ် ယောက်က ဆရာ့ကို မေးတယ် ။

“အချစ်ဆိုတာ ဘာလဲဗျ” ဆရာကပြန် ဖြေပါတယ် ။ “မင်းရဲ့မေးခွန်းကိုေ ဖြပေးဖို့အတွက်ဟိုဂျုံခင်းဆီသွားပါ။ အကြီးဆုံးဂျုံတစ် စေ့ကို ရွေးယူ ပြီး ပြန်လာပါ ။ဒါ ပေမဲ့ စည်းကမ်းချက်တစ်ခု တော့ရှိတယ် ။မင်းဟာ ဂျုံခင်းထဲကို တစ် ကြိမ်သာ ဖြတ်သွားရမယ် ။ နောက်ေ ကြာင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော် ” ကျောင်းသားဟာ ဂျုံခင်းဆီသွားလိုက်တယ် ။ ပထမဂျုံပင်တန်းထဲသူ ဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ် စေ့ကို တွေ့လိုက်တယ် ။

ဒါ ပေမဲ့ နောက်တစ် နေရာမှာ ဒီထက်ပို ကြီးတဲ့ ဂျုံတစ် စေ့ ရှိချင်ရှိနိုင်တယ်လို့ သူစဥ်းစားလိုက်မိတယ် ။ အဲဒီ နောက်ပို ပြီးကြီးမားတဲ့ ဂျုံတစ် စေ့ကိုသူ တွေ့လိုက် ပြန် တယ် ။ဒါပေမဲ့ ဒီထက်ပို ကြီးတဲ့ ဂျုံတစ် စေ့ကသူ့ကို စောင့်နေနိုင် သေးတယ်လို့သူထင် နေမိတယ် ။

ဂျုံခင်းတစ်ဝက် ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံ စေ့ဟာ သူအရင် တွေ့ခဲ့တဲ့ ဂျုံ စေ့လောက်မကြီးဘူးဆိုတာ စတင် သဘောပေါက်လာ တော့တယ် ။အကြီးဆုံးဂျုံစေ့ကိုသူ လွှဲသွားေ ကြာင်းသိတဲ့အခါ နောင်တရလာတယ် ။ ဒါနဲ့ သူဟာ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီိ ပြန်လာပါတယ် ။ ဆရာကသူ့ကိုေ ပြာတယ် ။

“အချစ်ဆိုတာ အဲဒီလိုပဲ။ မင်းဟာ ပိုမို ကောင်းမွန်တဲ့အချစ်ကို ဆက်လက်ရှာ ဖွေနေတယ် ။ဒါ ပေမဲ့ အဲဒီပုဂ္ဂိုလ်ကိုမင်းလွဲသွားေ ကြာင်း နောင်တစ်ချိန် ရောက်မှ သဘောပေါက်လာတယ် ” “ဒါဆိုရင် လက်ထပ် ခြင်းကရော.. . ”လို့ ကျောင်းသားကမေြး ပန်တယ် ။ ဆရာကပြန် ပြောပါတယ် ။

“မင်းရဲ့အမေးကိုေ ဖြဖို့အတွက်စပါးခင်းဆီသွားလိုက်ပါ ။ ပြီးရင်အကြီးဆုံး စပါးတစ် စေ့ယူ ပြီး ပြန်လာပါ။ဒါပေမဲ့ စည်းကမ်းချက်တစ်ခု တော့ရှိတယ် ။မင်းဟာ စပါးခင်းထဲကို တစ် ကြိမ်သာဖြတ်သွားရမယ် ။ နောက်ေ ကြာင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော် ” ကျောင်းသားဟာ စပါးခင်းဆီသွားလိုက်တယ် ။

ဒီတစ်ချိန်မှာတော့ သူဟာအရင်အမှားမျိုးမလုပ်မိဖို့ ဂရုစိုက်တယ် ။ စပါးခင်းအလယ် ရောက်တဲ့အခါ သူ့စိတ် ကျေနပ် လောက်တဲ့ အလယ်အလတ် စပါးစေ့တစ် စေ့ ခူးဆွတ်ရင်း ဆရာ့ဆီ ပြန်လာပါတယ် ။ ဆရာကသူ့ကိုေ ပြာပါတယ်။

“ဒီတစ်ချိန်မှာတော့ မင်းဟာ စပါးစေ့တစ် စေ့ ခူးခဲ့တယ် ။ မင်းဟာ သင့်တော် ကောင်းမွန်တဲ့ စပါးတစ် စေ့ကို ရှာ ဖွေခဲ့တယ် ။ ပြီးတော့ အဲဒီအစေ့ဟာ မင်းရခဲ့သမျှ အကောင်းဆုံးအစေ့လို့ယုံ ကြည်စိတ်ချမှုရှိတယ် ။ လက်ထပ် ခြင်းဆိုတာအဲဒီလိုမျိုးပါပဲ” စဥ်းစားဆင် ခြင်စရာ ကျွန် တော်တို့ဟာ အကောင်းဆုံးအချစ်ကို တွေ့ဖို့၊ အကောင်းဆုံး အချစ်ကိုရရှိဖို့ရှာဖွေနေခဲ့ကြတယ် ။

ကိုယ့်ဆီ ရောက်လာတဲ့ အကောင်းဆုံးအချစ်ကို တော့ ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ ဒီထက်ပို ကောင်းမယ်ထင်တဲ့ အချစ်ကို ဆက်လက် ပြီးရှာဖွေနေကြတယ် ။ နောင်တစ်ချိန် ရောက်မှကျွန် တော်တို့ဟာအကောင်းဆုံး အချစ်ကို လက်လွှတ်ခဲ့ေ ကြာင်းသိ မြင်လာ တော့တယ်။ ကျွန် တော်တို့ဟာ လက်ထပ်ဖို့အတွက်ကိုယ်ရဲ့ဂုဏ၊်ပညာနဲ့သင့်တော်သူတစ် ယောက်ကိုရှာ ဖွေကြပါတယ် ။

အကောင်းဆုံးမဟုတ် ပေမယ့် သင့်တော်သူတစ် ယောက်ကို တွေ့တဲ့အခါ လက်ထပ်လိုက် တော့တယ် ။ ကိုယ့်ကိုချစ်တဲ့သူတစ် ယောက်ကို ရှာ ဖွေပြီး လက်ထပ်မှာလား။ ဒါမှမဟုတ်ကိုယ်ချစ် နေတဲ့သူတစ် ယောက်ကိုရှာ ဖွေပြီးလက်ထပ်မှာလား။

ဘယ်လိုလူမျိုးကိုလက်ထပ်သည့်ဖြစ် စေ၊ သူဟာ ကိုယ့်အတွက် အသင့်တော်ဆုံး၊အကောင်းဆုံးဖြစ်တယ်လို့ ခံယူချက်နဲ့ တန်ဖိုးထားမြတ်နိုးမယ်ဆိုရင် တော သာယာချမ်းေ မြ့တဲ့ အိမ် ထောင် ရေး ဖြစ်လာနိုင်ပါတယ် ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့