Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 May 2013

အများပြည်သူများ လေ့လာဂါရ၀ ပြုနိုင်ရန် အာဇာနည်ဗိမာန်ကို ပြန်လည် ဖွင့်လှစ်ပေး သွားမည်


ရန်ကုန်မြို့ရှိ ဗဟန်းမြို့နယ် မှာရှိတဲ့ အာဇာနည် ဗိမာန်ကို အများ ပြည်သူတွေ လေ့လာ ဂါရ၀ပြု နိုင်ဖို့ ဖွင့်လှစ် သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်
စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အာဇာနည် ဗိမာန် ကိုတော့ နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိ ဖွင့်လှစ် သွားမှာ ဖြစ်ပြီး ၀င်ကြေး အနေနဲ့ လူကြီး တစ်ဦးကို ၂၀၀ ကျပ်၊ ကလေးတစ်ဦးကို ၁၀၀ ကျပ်နှုန်း ကောက်ခံ သွားမှာ ဖြစ်ပြီး နိုင်ငံခြားသား ကိုတော့ တစ်ဦးကို အမေရိကန် ဒေါ်လာ ၃ ဒေါ်လာနှုန်းနဲ့ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မူလတန်းမှ တက္ကသိုလ် အထိ ကျောင်းသားတွေ အတွက် ကျောင်းသား ကတ်ပြားများနဲ့ အခမဲ့ ၀င်ခွင့်ပြုမှာ ဖြစ်ပါတယ်။ အဆိုပါ အာဇာနည် ဗိမာန် ကိုတော့ တနင်္လာ နေ့တိုင်းနဲ့ ပြန်တမ်းဝင် ရုံးပိတ်ရက်များ မှအပ ကျန်ရက်များမှာ နေ့စဉ်ဝင်ရောက် နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဇာနည်နေ့ မှာတော့ မည်သူမဆို အခမဲ့ ၀င်ခွင့်ပြုဖို့ အတွက် သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အာဇာနည် ဗိမာန် ကိုတော့ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီကို လွှဲပြောင်း ပေးခဲ့တာဖြစ်ပြီး အာဇာနည် ဗိမာန်ကို ပြည်ထောင်စု အစိုးရ အဖွဲ့ နဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက် အရ အများပြည်သူများ လေ့လာ ဂါရ၀ပြုနိုင်ဖို့ အတွက် ပြန်လည် ဖွင့်လှစ် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့