Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 May 2013

ဗဟန်းမြို့နယ်တွင် မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့


ဧပြီလ ၂၉ ရက်နေ့ နံနက် ၆ နာရီ၊ မိနစ် ၄၀ ခန့်က ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်း ရပ်ကွက် ကိုယ့်မင်းကိုယ်ချင်းလမ်း အမှတ် ၅၄ မှာ မီးလောင်မှု တစ်ခု
ဖြစ်ပွားခဲ့ ပါတယ်။ အခုလို ဖြစ်ပွားရာ မှာလည်း အဆိုပါ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်း ရပ်ကွက် ကိုယ့်မင်း ကိုယ်ချင်း လမ်းအမှတ် ၅၄ ၊ အကျယ်အ၀န်း အလျားပေ ၈၀ အနံပေ ၈၀ ၊ အာစီ ၂ ထပ်တိုက် အပေါ်ရှိ ဆေးရုံသုံး ပစ္စည်း အဟောင်းများ ထားတဲ့ အခန်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ မီးလောင်မှု ဖြစ်ပွားရ တာဟာ အောက်ထပ်မှ အပေါ်ထပ်ရှိ ဆေးရုံသုံး ပစ္စည်း အဟောင်းများ ထားတဲ့ အခန်းကို ဆက်သွယ် ထားတဲ့ အပေါ်ထပ် လှေကားပေါက် အနီးမှာရှိတဲ့ တရုတ်ရိုးရာ အမွှေးတိုင် ပူဇော် ထားရာ အမွှေးတိုင် မီးဟာ ဆိုဖာဆက်တီ ခုံပေါ်ကို ပြုတ်ကျရာမှ မီးစတင် လောင်ကျွမ်း ခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် အဆောက်အဦး အပေါ်ထပ် တန်ဖိုးငွေကျပ် ခြောက်သိန်း လေးသောင်း၊ အတွင်း ပစ္စည်းတန်ဖိုး ငွေကျပ် ဆယ်သိန်း၊ စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုး အနေနဲ့ တစ်ဆယ့်ခြောက်သိန်း လေးသောင်းဖိုးခန့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မီးလောင်မှု ကိုတော့ မီးငြှိမ်းသတ် ယာဉ် ၄၁ စီး၊ မီးသတ်စက် ယာဉ် AFT ၁ စီး၊ အထောက်အကူ ယာဉ်ပေါင်းလောင်း ၁စီး၊ ကွပ်ကဲမှုယာဉ် ၇ စီးနဲ့ ငြှိမ်းသတ် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ မီးလောင်မှုမှာ မိတ်ဖက်ယာဉ်များ ပါဝင်ငြှိမ်းသတ်ခြင်း မရှိဘဲ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်မှ  ညွှန်ကြားရေးမှူးချုပ်ရဲ့ အနီးကပ် ကြီးကြပ် ကွပ်ကဲမှုနဲ့ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် ၂၅၁ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၁၂၇ ဦးနဲ့ မီးငြှိမ်း သတ်ခဲ့ပြီး ရေဂါလံ ၄၅၆၀၀ခန့် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့