Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

တစ်ခါလောက်ခေါင်းငုံ့ကြည့်ပါမောင်


မောင်. ...အရမ်းဆိုးတယ်ကွာ ။ မ ဘက်ကိုလည်း တစ်ခါလောက်ငဲ့ကြည့်ပါဦး ။
မောင့် အပြုမူတွေကို လက်မခံနိုင်တော့ဘူး.... မသိတော.ဘူးကွာ ။ ခုလုပ်နေတယ်ဆိုတာ မနဲ့မောင် အတွက်မဟုတ်ဘူးဆိုတာတော့ မ...သိပါတယ်..ဒါပေမယ့် မောင်... ပွင်.ပွင်.လင်းလင်း ပြောမယ် မောင်  ။ မောင် ပြောသလို. .. မ... မလုပ်နိုင်ဘူး .. နောက်မဆုတ်နိုင်ဘူး.. မကျေနပ်လည်း မတက်နိုင်ဘူး.. မောင် ။ မ.. မောင့်ကို အရမ်းချစ်ပါတယ် ။မောင် မရှိရင်မနေနိုင်ဘူး.. တကယ်ပါမောင်..မောင်ဟာ ..မ. အတွက်အရေးအကြီးဆုံးပါမောင်..။

မောင်.. ခွင်.လွှတ်ပါ.. မောင် ။ မ... ရွေးချယ်မူကို ..နားလည်မယ်လို. မ... မျှော်လင်.မိပါတယ်။ မ.. ခု လုပ်နေတဲ. လုပ်ငန်းကို မောင် ဘာလို. မမေးခဲ့လဲ ... မ.. ရှင်းပြမယ်ဆိုတော.လည်း..ရှင်းပြခွင့် မမေးခဲ.ဘူးနော်.. မနဲ. မောင် အဆင်မပြေခဲ့တာ ဒီအလုပ်ကြောင့်လို့
.မောင် ထင်ခဲ.တယ်နော်.. မောင်နဲ့မ မျက်နာချင်း ဆိုင်ပြီး   မရှင်းပြနိုင်တဲ. မ.. လုပ်ငန်း အကြောင်းကို ခု .. မ.. ဒီစာလေနဲ့
ရှင်းပြလိုက်ပါတယ်မောင်....။

မောင်.. မ ..ခုလုပ်နေတာက လူမူရေးအသင်းမှာပါ ။ အဘိုးအဘွားတွေကို စောင့်ရှောက်နေတဲ့ " သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်
ထောက်ပံ့ရေး ပရဟိတလူငယ်များအသင်း "  အင်္ဂလိပ်လိုတော့ Save The Aged လို့ခေါ်တယ်.... မောင် လည်း သိပါတယ်..မ ဘ၀မှာမိသားစု မစုံတော့..  အဘိုးအဘွားဆိုတာ မတွေ့ခဲ့ရဘူးလေ..ဒါကြောင့်... ဒီအသင်းမှာ ၀င်ပြီး .. မ..အားတဲ.နေ့ရက်တွေမှာ အားတက်သရော ..မ.. ဆောင်ရွက်ပေးခဲ.တာပါ မောင်..။

ဒါကြောင့်လည်း မောင်နဲ. မတွေ.ဖြစ်ခဲ့...မောင်ကို အချိန်မပေးခဲ့နိုင်တာပါ... မောင် .. မှတ်မိလားမသိဘူး...မောင်နဲ.မ .ခ၇ီးထွက်တော့ မောင် ပြောပြဖူးတဲ. ခေါင်းလေးငုံ့ကြည့်ပါဦးဆိုတဲ့  မောင်ရှင်းပြခဲ.ဖူးတဲ. ဇာတ်လမ်းကို ......
အဲဇာတ်လမ်းမှာ အမြဲတမ်းအားနည်းသူတွေကို မောင်တို.လို ချမ်းသားတဲ.လူတွေက တစ်ခါလောက် ခေါင်းငုံ့ကြည့်ခဲ့မယ် ၊
ကူညီခဲ.မယ်ဆို၇င် ကမ္ဘာကြီးက ပိုမိုလှပလားမယ်လို့ မောင်..မကို ကြင်နာတက်အောင် ဆိုဆုံးမဘူးတယ်မဟုတ်လား ။
.ဒါကြောင့် မောင့်ကိုလည်း ..မ ..တစ်ခါလောက် မ ဘက်ကို ခေါင်းငုံ့ကြည့်ပါလို့ ပြောပါရစေမောင်ရယ် ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့