Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ပြည်တွင်းသို့ ပင်လယ်ကူး သင်္ဘောများ ၀င်ရောက် ဆိုက်ကပ်မှု ၂၀ ရာခိုင်နှုန်း တိုးတက်လာ


ပို့ဆောင်ရေး ၀န်ကြီး ဌာနနှင့် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် စာရင်းဇယားများ အရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှာ နိုင်ငံခြား ပင်လယ်ကူး သင်္ဘောကြီးများ
ဆိုက်ကပ်နိုင်မှုဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း တိုးတက် လာတာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် ဆိပ်ကမ်းသို့ နေ့စဉ် နိုင်ငံခြား ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ် လျက်ရှိရာ ပျမ်းမျှ အားဖြင့် အစင်း ၈၀ ၀န်းကျုင် ၀င်ရောက် ဆိုက်ကပ် လျက်ရှိတာ ဖြစ်ပြီး အဆိုပါ နိုင်ငံခြား ပင်လယ်ကူး သင်္ဘောကြီး များဟာ သွင်းကုန် အဖြစ် ပြည်ပ နိုင်ငံများမှ မြန်မာနိုင်ငံတွင်းသို့ ရေနံနဲ့ ရေနံထွက် ပစ္စည်းများ၊ မော်တော်ကား၊ သံနှင့် သံမဏိ၊ ဘိလပ်မြေနှင့် အထွေထွေ ကုန်ပစ္စည်းများ တင်ဆောင်ပြီး ဆိုက်ကပ် လျက်ရှိတာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှ ပို့ကုန်အဖြစ် ရေနံနှင့် ရေနံထွက် ပစ္စည်း၊ ဆန်နှင့် ဆန်ထွက် ပစ္စည်း၊ သစ်နှင့် အခြား ကုန်ပစ္စည်းများ ပြန်လည် တင်ပို့လျက်ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှာ ဆိပ်ကမ်းသို့ ၀င်ရောက်မှု သွင်းကုန်ဟာ မတ်ထရစ် တန်ချိန်သိန်း ၁၈၀ ကျော်တန်နဲ့ ပို့ကုန် မတ်ထရစ်တန်ချိန် သိန်း ၉၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ရန်ကုန် ဆိပ်ကမ်း အပါအ၀င် ဆိပ်ကမ်း ၉ ခုရှိပြီး ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်းများကို မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အဖြစ် ပုဂ္ဂလိက ကုမ္ပဏီများ ကလည်း ၀င်ရောက် လုပ်ကိုင်လျက် ရှိတဲ့အတွက် အဓိက အားဖြင့် သွင်းကုန်၊ ပို့ကုန်များ တိုးမြှင့်လာပြီး စီးပွားရေး လုပ်ငန်းများ ယခင်ကထက် ပိုမိုမြန်ဆန် လာတယ်လို့ သိရှိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့