Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 26 May 2013

မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို မြို့လယ်ဗဟို ဖွံ့ဖြိုးမှု ပုံစံဖြင့် တည်ဆောက် သွားမည်


လက်ရှိမှာ ရေးဆွဲ လျက်ရှိတဲ့ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို စိမ်းလန်း မြေပါဝင်တဲ့ မြို့လယ်ဗဟို ဖွံ့ဖြိုးမှု ပုံစံနဲ့ တည်ဆောက်ဖို့
အတွက် ရွေးချယ် ထားတယ်လို့ သိရပါတယ်။
 
အဆိုပါ မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူစီမံကိန်း အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အခြား အစိုးရ ဌာနများ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီ အသင်း အဖွဲ့များက မြို့ပြပုံစံ ၃ ခုကို လျာထား ဖော်ထုတ် ခဲ့ပါတယ်။ အဆိုပါ မြို့ပြပုံစံ ၃ ခုကတော့ မြို့လယ်ဗဟို ဖွံ့ဖြိုးမှု ပုံစံ၊ စိမ်းလန်းမြေ ပါဝင်တဲ့ မြို့လယ်ဗဟို ဖွံ့ဖြိုးမှု ပုံစံနဲ့ မြို့လယ် ဗဟိုစီးပွားရေးဇုန် တစ်ခုတည်းအား ဗဟိုပြုတဲ့ ပုံစံတို့ဘဲ ဖြစ်ပါတယ်။
 
ဒီလို စီမံကိန်းဝင်ဖို့ အတွက် မြို့နယ် ၃၉ မြို့နယ်ရှိ အိမ်ထောင်စု များကို လူမှုရေး စစ်တမ်း ကောက်ယူခဲ့ရာ အိမ်ထောင်စု ၂၁ ရာခိုင်နှုန်းဟာ ပုံစံ ၁ ကို လည်းကောင်း ၇၄ ရာခိုင်နှုန်းဟာ ပုံစံ ၂ ကို လည်းကောင်း အဆိုပြုခဲ့ ကြတာ ဖြစ်ပါတယ်။ အဆိုပါ ပုံစံ ၃ ခုကို လေ့လာ နှိုင်းယှဉ်ရာ ပုံစံ ၂ ဖြစ်တဲ့ စိမ်းလန်းမြေ ပါဝင်တဲ့ မြို့လယ် ဗဟိုဖွံ့ဖြိုးမှုပုံစံဟာ ပိုမို ကောင်းမွန်တဲ့ မြို့ပြ တည်ဆောက်မှု ပုံစံဖြစ်တဲ့ အတွက် ရွေးချယ် တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့