Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ပြည်ပနိုင်ငံများ ရင်းနှီး မြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာသန်း သုံးသောင်းကျော်ရှိ


ပြည်ပ နိုင်ငံများမှ ပြည်တွင်းရှိ လုပ်ငန်းများမှာ ရင်းနှီးမြှပ်နှံ ထားမှုဟာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၂၂၇၉ ကျော် ရင်းနှီးမြှုပ်နှံ ထားတယ်လို့ အမျိုးသား
စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ သိရပါတယ်။
 
အဆိုပါ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ထားတဲ့ နိုင်ငံတွေမှာ တရုတ်၊ ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်း၊ UK ၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျ၊ ဂျာမနီ၊ ဘရူနိုင်း အစရှိတဲ့ နိုင်ငံတွေ အပါအ၀င်နိုင်ငံပေါင်း ၃၂ နိုင်ငံ ပါဝင်တာ ဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေ အနေနဲ့ ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၊ စွမ်းအင် လုပ်ငန်းများ၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ၊ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းများ၊ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းများ၊ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းများ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းများ အစရှိတဲ့ လုပ်ငန်းများမှာ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ် ထားတာ ဖြစ်ပါတယ်။
 
အဲ့ဒီလို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းများမှာ ပိုမိုမြှုပ်နှံမှု ပိုမိုများပြားလျက် ရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ရင်နှီးမြှပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်တွေ အရ ပြည်ပရဲ့ ရင်နှီးမြှပ်နှံမှု တွေဟာ ယခုနှစ် အတွင်းမှာ ပိုမိုများပြား လာတယ် လို့လည်း သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့