Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

မေလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့


မေလ ၂၅ ရက်နေ့ ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ အမှတ် ၁ ရှင်စောပုလမ်း အောင်ချမ်းသာ ရပ်ကွက်မှာ တိုက်ပြိုမှု
တစ်ခု ဖြစ်ပွားခဲ့ ပါတယ်။
 
ဒီလို ဖြစ်ပွားမှုဟာ အောင်ချမ်းသာ ရပ်ကွက် ရှင်စောပု လမ်းရှိ ခြံအမှတ် ၁ အတွင်းရှိ RC ၂ တိုက်ပြိုကျ ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ RC -၂ ထပ်တိုက်ဟာ အမွေဆိုင် အဆောက်အဦး ဟောင်းတစ်ခုဖြစ်ပြီး အဆောက်အဦးကို အလုပ်သမား အချို့က ဖြိုချနေစဉ် တိုက်ရဲ့ဘယ်ဘက်ခြမ်းမှာ ပြိုကျမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
 
အခုလို ဖြစ်ပွားမှုကြောင့် အလုပ်သမား သုံးဦး သေဆုံးသွားပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ RC -၂ ထပ် အဆောက်အဦး ဖြိုဖျက်မှုကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှ စတင်ကာ ဧရာဝတီတိုင်း ဒေသကြီး ၀ါးခယ်မမြို့နယ်မှ အလုပ်သမား ၁၁ ဦးနဲ့ ပြည်မြို့မှ အလုပ်သမား ၂ ဦးက ဆောက်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒဏ်ရာရသူ ၁ ဦးကို ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့