Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ဂျပန်နိုင်ငံမှ ဂျပန် ယန်းချေးငွေ သန်း ၅ သောင်းနှင့် အထောက်ပံ့များ အပြည့်အ၀ စတင်ပေးအပ် သွားမည်


ဂျပန်နိုင်ငံဟာ နိုင်ငံတကာ အသိုက်အ၀န်းကို ဦးဆောင်ပြီး မြန်မာနိုင်ငံ အတွက် ကြွေးမြီ ကိစ္စဖြေရှင်းမှုကို ထုတ်ဖော် ပြောကြားခဲ့ သလို ယန်းချေးငွေ
အသစ် ခန့်မှန်းခြေ ယန်းသန်း ငါးသောင်း အပါအ၀င် မြန်မာနိုင်ငံသို့ အထောက်အပံ့များ အပြည့်အ၀ ပြန်လည် စတင်မှာ ဖြစ်တယ်လို့ မြန်မာပြည်သူ ပြည်သားများ အတွက် ဂျပန် ၀န်ကြီးချုပ်ရဲ့ အမှာစကားမှ သိရပါတယ်။
 
ဂျပန်နိုင်ငံ အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ဖို့ ပိုမို လုပ်ဆောင် သွားမှာ ဖြစ်ပြီး ဂျပန်-မြန်မာ ဆက်ဆံရေး အခြေခံ အသစ် တည်ဆောက်ဖို့ အတွက်လည်း နှစ်နိုင်ငံမှ နိုင်ငံသားများ ကူးလူး ဆက်ဆံရေးကို တိုးတက် လုပ်ဆောင် သွားဖို့လည်း လိုအပ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျပန်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမို ခိုင်မာအောင် ပြုလုပ်ပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုး ဖြစ်ထွန်း စေဖို့လည်း ဦးတည် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
 
ဆက်လက်ပြီး ယခုလက်ရှိ ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ် အတွင်း ဂျပန်-မြန်မာ ထိပ်သီး ဆွေးနွေးပွဲ မှာလည်း နောက်ထပ် ပေးအပ်မယ့် အထောက်အပံ့ များကို ထုတ်ဖော် ပြောကြားဖို့ ရှိတယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် ယခု လာရောက်နေတဲ့ ဂျပန် ၀န်ကြီးချုပ် ခရီးစဉ်မှာ ပါဝင် လာတဲ့ ဂျပန် ကုမ္ပဏီများ ဟာလည်း  မြန်မာနိုင်ငံကို အထူး စိတ်ဝင်စား လျက်ရှိတယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့