Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 26 May 2013

ကိုးထပ်ကြီး ဘုရား၏ အကြိမ် ၂၀ မြောက် ကဆုန်ညောင်ရေ သွန်းပွဲတော် ကျင်းပခဲ့


မြတ်ဗုဒ္ဓ ဘုရားရှင် ပွင့်ထွန်း တော်မူခဲ့တဲ့ ကဆုန်လပြည့်နေ့ကို ချီးမြှင့် ပူဇော်သော အားဖြင့် ကျင်းပခဲ့တဲ့ အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး
ဘုရားရဲ့ အကြိမ် ၂၀ မြောက် အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း မြို့နယ်လုံး ဆိုင်ရာ ကဆုန် ညောင်ရေသွန်း ပွဲတော်ကို မေလ ၂၄ ရက်နေ့ ကဆုန်လပြည့်နေ့က ရန်ကုန်မြို့၊ ကိုးထပ်ကြီး ဘုရားမှာ ကျင်းပခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါ ကိုးထပ်ကြီး ဘုရားရဲ့ ညောင်ရေသွန်း ပွဲတော် မှာတော့ ဘုရားကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်း၊ အရုဏ်ဆွမ်း ဆက်ကပ် တင်လှူခြင်း၊ သိကြား၊ ဗြဟ္ခာ၊ နတ်ဒေ၀ါများ စီတန်းကာ ဘုရားကြီးကို လက်ယာရစ် ၃ ပတ်လှည့်လည် ပူဇော်ခြင်းနဲ့ မဟာဗောဓိပင်မှာ ညောင်ရေ သွန်းလောင်းခြင်း တို့ကို ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ကဆုန်ညောင်ရေသွန်း ပွဲတော်ကြီးကို ကိုးထပ်ကြီး ဘုရားမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ တာဖြစ်ပြီး ယခုအကြိမ် ၂၀ ကြိမ်မြောက် မှာလည်း ဘုရားဖူးလာ ပြည်သူများနဲ့ အတူ စည်ကားခဲ့ တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့