Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

မောင်ကြီးချစ်တဲ့ စာဥလေး


မောင်ကြီးမျက်ရှု

ချစ်သည်းစုတဲ့ မောင့်စာဥရယ်

ဖြစ်နိုင်ရင်လေ

တချိန်လုံး

ချစ်တယ်ချစ်တယ်

သိပ်ချစ်တယ်အရမ်းချစ်တယ်လို့

ပြောနေချင်တယ် စာဥရယ်။
စာဥ...ရယ်ဘယ်ဆီသွား

မောင်ကြီးစကား ပါးထားတယ်

ချစ်စကားတိုးတိုး

မင်းမရိုးသေးရင်

ကောက်ရိုးမျှင်အုံ့ကာဆိုင်း

တလင်းဝိုင်းနားစောင့် နေဟယ်

နောက်ကျရင်ကွယ်မျက်စောင်းထိုး

တိတ်တခိုးဆိတ် စာဥ ရယ်။


စာဥ ငယ်ငယ် လှသွေးကြွှယ်

အရမ်းချစ်တယ်မြတ်နိုးတယ်

ညားပြီးရင်ကွယ်မောင်မပစ်

တစ်သက်ချစ်ကြောင်းပြောပြမယ်

သဘောကျရင်အနားတိုး

တိတ်တခိုးနမ်းပေါ့စာဥ ရယ်။


မမောလည်းပိုး မောလည်းပိုး

ကျောမှာပိုး

လျှောက်ပြေးချင်တယ် စာဥရယ်


မလိုက်ရဲလည်းတင် လိုက်လည်းတင်

လှေကလေးပေါ်တင်

လိုက်လည်ချင်တယ် စာဥရယ်။


မလှလည်းခူး လှလည်းခူး

ပန်းကလေးခူး

ပန်ပေးချင်တယ် စာဥရယ်။


မငိုက်လည်းလွှဲ ငိုက်လည်းလွှဲ

ဒါန်းကလေးလွှဲ

ချော့သိပ်ချင်တယ် စာဥရယ်။


မတတ်လည်းသွေးတတ်လည်းသွေး

သနပ်ခါးလေး

သွေးပေးချင်တယ်စာဥရယ်။


မမွှေးလည်းလူး မွှေးလည်းလူး

သနပ်ခါးလေးလူး

အထူးလိမ်းပေးချင်တယ်စာဥရယ်။


မ၀ိုင်းလည်းကွက် ၀ိုင်းလည်းကွက်

ပါးနှစ်ဖက်လေး

ပါးကွက်ကွက်ပေးချင်တယ် စာဥရယ်။


နောက်တော.မောင်ကြီးက.......


ခေါင်းလေးကိုညင်ညင်သာသာဖီး

ကျစ်ဆံမီးလေးကျစ်ပေးမယ်

ကျစ်ဆံမြီးကိုဘယ်ညာရမ်း...

စပါယ်ပန်းလေးခွေပေးမယ်။


ပြီးတော့မှ


ရင်ခွင်ထံမှာအသာထွေး

နဖူးလေးအားနမ်းပေးမည်

နမ်းလိုက်လို့ငိုစိတ်တွေတို

မငိုငိုအောင်စလိုက်မယ်

မစလည်းကောက် စလည်းကောက်

မိကောက်ကလေးကောက်ရတယ်

မကောက်လည်းချော့ ကောက်လည်းချော.့

စိတ်ကောက်ပျော့

ရအောင်ချော့မယ် စာဥရယ်။


ချစ်တယ်ချစ်တယ်

သိပ်ချစ်တယ်အရမ်းချစ်တယ်လို့

ပြောနေချင်တယ် စာဥရယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့