Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 May 2013

မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းကို နယ်လှည့် ဆောင်ရွက်ပေး သွားမည်


ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်နဲ့ ယာဉ်မောင်း လိုင်စင်
သက်တမ်း တိုးခြင်း လုပ်ငန်း များကို နယ်လှည့်ကာ ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆောင်ရွက် ပေးရာမှာ ရန်ကုန်တိုင်း ဒေသကြီး မှာတော့ လှည်းကူး မြို့နယ်နဲ့ တွံ့တေး မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး မှာတော့ မိုးကုတ်၊ ၀မ်းတွင်း၊ နွားထိုးကြီး၊ မြစ်သား၊ ရှမ်းပြည်နယ် မှာတော့ ရပ်စောက်၊ ဖယ်စုံ၊ ကွန်ဟိန်း၊ သီန္နီ၊ နမ္မတူ၊ မိုင်းတုံ၊ မိုင်းဆက်၊ ကချင် ပြည်နယ် မှာတော့ ၀ိုင်းမော်၊ ဖားကန့်နဲ့ ချင်းပြည်နယ် မှာတော့ ဖလမ်း၊ တီးတိန် အစရှိတဲ့ မြို့နယ် တွေမှာ ပြုလုပ် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး မှာတော့ ကနီ၊ အင်းတော်၊ ကသာ၊ ဗန်းမော်၊ ထီးချိုင့်၊ ၀က်လက်၊ တနင်္သာရီတိုင်း ဒေသကြီး မှာတော့ ကျွန်းစု မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး မှာတော့ ဒိုက်ဦး၊ မင်းလှ၊ ကျောက်ကြီး၊ မကွေးတိုင်း ဒေသကြီး မှာတော့ တောင်တွင်းကြီးမြို့၊ မြို့သစ်၊ မြိုင်၊ ပေါက်၊ ဆော၊ ကန်ပက်လက်၊ ပွင့်ဖြူ၊ အောင်လံ၊ ရခိုင်ပြည်နယ် မှာတော့ သံတွဲ၊ တောင်ကုတ်၊ ဧရာဝတီတိုင်း ဒေသကြီး မှာတော့ မြောင်းမြ၊ ညောင်တုန်း၊ မြန်အောင်၊ ကြံခင်း အစရှိတဲ့ တိုင်းဒေသ ကြီးမြို့နယ် တွေမှာ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

အခုလို ဆောင်ရွက်ပေးမှု တွေကိုတော့ ၂၀၁၃ ခုနှစ် မေလ အတွင်းမှာ စတင် ဆောင်ရွက်မှာ ဖြစ်ပြီး အဆိုပါ မြို့နယ်များကို နယ်လှည့်ကာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နဲ့ ယာဉ်မောင်း လိုင်စင် သက်တမ်း တိုးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးသွားမှာ ဖြစ်တဲ့ အတွက် ကြိုတင် ပြင်ဆင်နိုင်ဖို့ အသိပေး ထားတယ် လို့လည်း သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့