Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 May 2013

ပုဂ္ဂလိက ကျောင်းများ လျှောက်ထားမှု များကို လက်ခံ ဆောင်ရွက် ပေးလျက်ရှိ


ပညာရေး ၀န်ကြီးဌာန အနေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းများ လျှောက်ထားမှု တွေကို လက်ခံ ဆောင်ရွက် ပေးလျက် ရှိတာ ဖြစ်ပါတယ်။ လျှောက်ထားမှု
တွေကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ပြည်နယ် အလိုက် ပညာရေးမှူး ရုံးတွေမှာ လျှောက်ထား နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကိုယ်ပိုင် ကျောင်းတွေ လျှောက်ထား နိုင်ဖို့ အတွက် ကိုယ်ပိုင် ကျောင်းမှတ်ပုံတင်ခွင့် ဥပဒေ ကိုလည်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက အသိအမှတ်ပြုပြီး ဖြစ်တယ်လို့ သိရပါတယ်။

အခုလို လျှောက်ထား ရာမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း အစရှိတဲ့ အခြေခံပညာ ကဏ္ဍအတွက် အဆင့်လိုက် ကိုယ်ပိုင် ကျောင်းများကို လျှောက်ထား နိုင်တာ ဖြစ်တယ်လို့ ပညာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုယ်ပိုင် ကျောင်းများ လျှောက်ထားမှုဟာ မူလတန်းမှ အထက်တန်း အထိ ၆၆ ကျောင်း ရှိနေပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့