Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနမှ တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူ


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် အိတ်ဖွင့် တင်ဒါ တစ်ရပ်ကို
ခေါ်ယူထား တယ်လို့ သိရပါတယ်။ အဲ့ဒီလို ခေါ်ယူရာမှာ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး  ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး ၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ် အစရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေက မြို့နယ် အချို့မှာ ဌာန ရုံးချုပ် အပါအ၀င် ဦးစီးမှူးရုံးများ၊ ၀န်ထမ်း အိမ်ရာများ အစရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် တင်ဒါခေါ်ယူ ထားတာ ဖြစ်ပါတယ်။

တင်ဒါ တင်သွင်း လိုသူများ အနေနဲ့ မိမိ တင်သွင်း လိုတဲ့ လုပ်ငန်း တစ်ခုချင်းစီ အတွက် သတ်မှတ် တင်ဒါ အာမခံကြေးကို သက်ဆိုင်ရာ ၀န်ကြီး ဌာနရဲ့ ဘဏ္ဍာရေး ဌာနမှာ ပေးသွင်း ရမှာ ဖြစ်ပြီး မေလ ၃၁ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ အတွင်း တင်သွင်း နိုင်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့