Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 20 May 2013

ကလေးငယ်များ အတွက် ဦးနှောက် ဖွံ့ဖြိုးမှု အထောက်အကူ ဖြစ်စေရန် သင်ကြား ပေးမည့် Olympians Learning Hub သင်တန်းဖွင့်လှစ်ခဲ့


အသက် ၆ လမှ ၆ နှစ်ခွဲ ကလေးငယ်များ အတွက် ဦးနှောက် ဖွံ့ဖြိုးမှု အထောက်အကူ ဖြစ်စေဖို့ သင်ကြား ပေးမယ့် Olympians Learning Hub သင်တန်း
ကျောင်းဖွင့်ပွဲကို မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ သင်တန်း ကျောင်းကိုတော့ ရန်ကုန်မြို့ ရွှေတောင်ကြား လမ်းမှာ ဖွင့်လှစ်ပေး သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ကျောင်းမှာ ဆိုရင် ကလေးငယ်များ အတွက် သင်ကြားမှုမှာ  ဦးနှောက် မှတ်ဉာဏ် ဖွံ့ဖြိုးမှုများ၊ ပျော်ရွှင်စရာ ကစားနည်းများနဲ့ ကလေးငယ်များ သွက်လက် တက်ကြွမှုများ ရှိစေဖို့ အတွက် သင်ကြား ပြသမှုမျိုးစုံနဲ့ သင်ကြား ပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို သင်ကြားပေး ရာမှာတော့ တစ်ပတ်မှာ  တစ်နာရီသာ သင်ကြား ပေးမှာ ဖြစ်ပြီး တစ်လ သင်ကြားပါက ၄ နာရီသာ သင်ကြား ရမှာဖြစ်တဲ့ အပြင် ကလေးများ နဲ့အတူ မိခင် သို့မဟုတ် ဖခင်ပါ ၀င်ရောက် သင်ကြားရမှာ ဖြစ်ပါတယ်။ အဆိုပါ သင်တန်းကျောင်း အနေနဲ့ အခုလို ဖွင့်လှစ်မှုဟာ အနာဂတ်ရဲ့ ကလေးငယ်များ အနေနဲ့ အင်္ဂလိပ်စာ စွမ်းရည်၊ ဉာဏ်ရည်၊ တက်ကြွမှုနဲ့ မှတ်ဉာဏ်များ အတွက် အထောက်အကူ ဖြစ်စေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့