Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 20 May 2013

မြန်မာနိုင်ငံတွင် မီဒီယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒုတိယအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲပြုလုပ် သွားရန်ရှိ


မြန်မာနိုင်ငံမှာ မီဒီယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ဒုတိယ အကြိမ်မြောက် 2nd Conference On Media Development In Myanmar ကို
မေလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ တို့မှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ အဆိုပါ Conference နဲ့ပတ်သက်ပြီး ဖွင့်ပွဲ ညစာ စားပွဲမှ သိရပါတယ်။ အဆိုပါ ညှိနှိုင်း ဆွေးနွေး ပွဲမှာ မြန်မာနိုင်ငံရဲ့ မီဒီယာ ကဏ္ဍ ပြုပြင် ပြောင်းလဲမှုများ၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ သတင်းများ အစရှိတာ တွေကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ပြည်တွင်းရှိ ဂျာနယ်များမှ တာဝန်ရှိသူများ၊ Southeast Asian Press Alliance (SEAPA) အစရှိတဲ့ ပြည်ပ မီဒီယာ အဖွဲ့အစည်း များနဲ့ ပြည်တွင်းမှ မီဒီယာ အဖွဲ့အစည်း များမှ တာဝန်ရှိ သူများက ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

အဆိုပါ Conference ကို ပြန်ကြားရေး ၀န်ကြီးဌာန Myanmar Media Devlopment Thematic Working Group(MMDTWG) နဲ့ UNESCO ၊ International Media Support(IMS) တို့မှ စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။ Conference ဖွင့်ပွဲ ညစာစားပွဲ ကိုတော့ Forever Group Co.,Ltd မှမေလ ၁၉ ရက်နေ့က ကန်တော်ကြီး ပဲလေ့ဟိုတယ်မှာ တာဝန်ယူ ကျင်းပတာ ဖြစ်ပြီး အဆိုပါ ညစာစားပွဲ မှာတော့ ပြန်ကြားရေး ၀န်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးချုပ်နဲ့ Forever Group Co.,Ltd ရဲ့ CEO ဦးဝင်းမော်၊  ယူနက်စကို မြန်မာမှ တာဝန်ရှိ သူတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြား ခဲ့တယ်လို့ သိရှိရပါတယ်။ အဲ့ဒီ Conference ကို ပြီးခဲ့တဲ့နှစ် ကလည်း ပထမအကြိမ် ကျင်းပပြုလုပ် ခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ဒုတိယ အကြိမ်မြောက် ကျင်းပပြုလုပ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့